15
Fri, Dec
618 New Articles

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်က တရုတ်နိုင်ငံသို့ လာရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းတို့အား လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းသည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အတွင်း တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

စင်ကာပူ ဝန်ကြီးချုပ် လီသည် တရုတ်နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဘုံ ဆက်စပ်သော ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း နေ့စဉ် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဟွာက ဆိုသည်။

လီသည် ဖူကျန့်ပြည်နယ်နှင့် ပေကျင်းမြို့တော်သို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)