14
Tue, Aug
739 New Articles

တရုတ်နိုင်ငံ Su-35 ဂျက်တိုက်လေယာဉ်များ နှင့် J-20 လျှို့ ဝှက်ထောက်လှမ်းရေး လေယာဉ်များ လေကြောင်းလုံခြုံရေးအတွက် ကင်းလှည့်

တရုတ်နိုင်ငံ၏ Su-35 ဂျက်တိုက်လေယာဉ်များ နှင့် J-20 ဂျက်လေယာဉ်များ တောင်တရုတ်ပင်လယ်၌ ကင်းလှည့်နေစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Su-35 ဂျက်တိုက်လေယာဉ်များသည် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲကင်းလှည့်ရေး အစီအစဉ် အဖြစ် နောက်ဆုံးပေါ် J-20 လျှို့ ဝှက်ထောက်လှမ်းရေး ဂျက်လေယာဉ်များ နှင့်အတူ လေကြောင်းလုံခြုံရေးအတွက် ကင်းလှည့်စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံစစ်ဘက်ကျွမ်းကျင်သူတစ်ဦးက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်မှု လုပ်ဆောင်ရန် Su-35 ဂျက်တိုက်လေယာဉ်များကို မကြာသေးမီကာလက တရုတ်နိုင်ငံက စေလွှတ်ခဲ့ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)၏ လေတပ်မှ ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ Su-35 ဂျက်တိုက်လေယာဉ်များ နှင့် J-20 ဂျက်လေယာဉ်များအားတွေ့ ရစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ၏ Su-35 ဂျက်တိုက်လေယာဉ်များ နှင့် J-20 ဂျက်လေယာဉ်များအားတွေ့ ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Su-35 ဂျက်တိုက်လေယာဉ်များ နှင့် J-20 ဂျက်လေယာဉ်များအားတွေ့ ရစဉ် (ဆင်ဟွာ)

ယင်ကင်းလှည့်အစီအစဉ်မှာ ပင်လယ်ပြင် နှင့် ဝေဟင်ပိုက်နက် အခြေအနေ လုံခြုံရေးအတွက် တရုတ်နိုင်ငံ လေတပ် စွမ်းပကားကို မြှင့်တင်ရန် မျှော်လင့်ကြောင်း နှင့် တောင်တရုတ်ပင်လယ်တွင် အဏ္ဏဝါအကျိုးအမြတ်များ ၊ နိုင်ငံတော်အချုပ်အခြာအာဏာ နှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ဖြစ်ကြောင်း PLA လေတပ်စစ်ဦးစီးတက္ကသိုလ်မှ ပါမောက္ခ Wang Mingzhi က ဆိုသည်။

တရုတ်နိုင်ငံလေတပ်အနေဖြင့် တောင်တရုတ်ပင်လယ်၌ ပုံမှန်ကင်းလှည့်ခြင်း နှင့် စစ်ဆင်ရေးကင်းလှည့်ခြင်းများကို မကြာခဏ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။(Xinhua)