13
Thu, Dec
678 New Articles

ကိုရီးယားကျွန်းဆွယ်အရေး၊ နှစ်နိုင်ငံဆက်ဆံရေးအကြောင်း ရှီနှင့် ထရမ့် ဖုန်းဆက်ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံတွင် တွေ့ဆုံစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တ်လ ၉ ရက်က တယ်လီဖုန်းမှတစ်ဆင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖုန်းပြောခဲ့စဉ် ကိုရီးယားကျွန်းဆွယ်အရေးအား နိုင်ငံရေးအရ အမေရိကန်နိုင်ငံက အဖြေရှာခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲအား မြန်နိုင်သမျှမြန်မြန် စတင်နိုင်ရန်နှင့် အပြုသဘောဆောင်သော ရလဒ်များရရှိရေး ကြိုးပမ်းရန် မျှော်လင့်ကြောင်း ရှီက ထရမ့်အား ပြောကြားခဲ့သည်။

ထို့ပြင် ဆက်စပ်သည့် နိုင်ငံများအနေဖြင့် စိတ်စေတနာကောင်း ပြသကြရန်နှင့် ကိုရီးယားကျွန်းဆွယ် တိုးတက်မှု အခြေအနေအား ဝင်ရောက်စွက်ဖက်မှု သို့မဟုတ် သက်ရောက်မှုများအား ရှောင်ရှားကြရန် မျှော်လင့်ကြောင်း၊ ကိုရီးယားအရေးအပေါ် အပြုသဘောဆောင်သည့် အရှိန်အဟုန်အား ဆက်လက် ထိန်းသိမ်းကြရန် ရှီက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရှီက ထရမ့်အား တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုအား အာရုံစိုက်ထားသင့်ကြောင်း၊ ကွဲပြားခြားနားမှုများအား ထိန်းချုပ်သင့်ကြောင်း၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သင့်ကြောင်းနှင့် ယခုလို နှစ်သစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်မှုအသစ်အတွက် တွန်းအားပေးသင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)