22
Mon, Oct
733 New Articles

နျူကလီးယားနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်မှုများ ရပ်ဆိုင်းကြောင်း မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံက ကြိုဆို

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းအား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုများနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်မှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဆုံးဖြတ်ချက်အတွက် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ယနေ့ (ဧပြီလ ၂၁ ရက်) ပြောကြားလိုက်သည်။

ယင်း ကြေညာချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက မှတ်ချက်ပြု ပြောကြားလိုက်ခြင်း ဖြစ်သည်။ (Xinhua)