24
Sun, Jun
786 New Articles

သမ္မတရှီက SCO အဖွဲ့ ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန် ယုံကြည်မှုရှိရန် ပြောကြား

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် SCO အဖွဲ့ ဝင်နိုင်ငံများမှ ခေါင်းဆောင်များ အား အတူတကွ တွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military

ချင်းသောင် ၊ ဇွန် ၁ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အဖွဲ့ ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်သွားကြရန် ယနေ့ ဇွန်လ ၁ဝ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

၁၈ ကြိမ်မြောက် SCO အဖွဲ့ ဝင်နိုင်ငံများ၏ ခေါင်းဆောင်များကောင်စီ အစည်းအဝေးတွင် မိန့် ခွန်းပြောကြားစဉ် သမ္မတရှီက ချင်းသောင်ကြေညာချက် နှင့် ကာလရှည် အိမ်နီးချင်းကောင်း ၊ မိတ်ဖက် နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် SCO အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် အပြည့်အဝ အကောင်အထည်ဖော်သင့်ကြောင်း ပြောကြားခဲ့သည်။

SCO အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် ဘုံစိုးရိမ်ဖွယ်ရာကိစ္စရပ်များ နှင့် တစ်ဦးချင်းစီ၏ အရေးပါသော အကျိုးစီးပွားများကို လိုက်လျောညီထွေးဆောင်ရွက်သွားရန် နှင့် ဖွံ့ ဖြိုးရေးအစိတ်အပိုင်းများတွင် တစ်ဦး နှင့် တစ်ဦး အပြန်အလှန်လေးစားသွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။

“ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြီး ဘုံသဘောတူညီမှုကို ရှေးရှုလို့  စည်းလုံးညီညွတ်မှု နဲ့ ဟန်ချက်ညီမှုကို တွန်းအားပေးသွားရပါမယ် ၊ တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် နားလည်မှုကို တိုးမြှင့်လုပ်ဆောင်သွားသင့်ပါတယ်” ဟု ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)