24
Sun, Jun
786 New Articles

လုံခြုံရေးနှင့်တည်ငြိမ်ရေးသည် လူတိုင်းလိုလားသည့်အရာ ဖြစ်၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုက အနာဂတ်လျှောက်လှမ်းရမည့် လမ်းစဉ်ဟု သမ္မတ ရှီပြော

သမ္မတရှီက SCOအစည်းအဝေးတွင် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ- ဆင်ဟွာ ) Politics, Law & Military

ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လုံခြုံရေးနှင့်တည်ငြိမ်ရေးသည် လူတိုင်းလိုလားသည့်အရာ ဖြစ်သောကြောင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ် ကြောင်း ဇွန်လ ၁၀ ရက်က ကျင်းပသည့် (၁၈)ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် သမ္မတရှီက  တိုးတက်ပြောင်းလဲနေသည့်ယနေ့ခေတ်ကမ္ဘာတွင် ဆွေးနွေး ညှိနှိုင်းပြုပြင်ဆောင်ရွက်မှုများ လုပ်ဆောင်သည့်အခါ လူသားများ၏ယဉ်ကျေးမှုဖြစ်စဉ်များ ပိုမို ကောင်းမွန်စွာ ပြောင်းလဲတိုးတက်လာအောင် ကမ္ဘာ့အခြေအနေ၊ခေတ်ရေစီးကြောင်းများကို မှန်မှန်ကန်ကန်နားလည်ဆုပ်ကိုင်ပြီး ရေရှည်အကျိုးကို မျှော်မှန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

သမ္မတ ရှီက ယနေ့ခေတ်တွင် ဗိုလ်ကျစိုးမိုးရေးဝါဒ(Hegemonism)နှင့် အနိုင်ယူဗိုလ်ကျလုပ်ဆောင်မှု များရှိနေဆဲ ဖြစ်သော်လည်း နိုင်ငံတကာစည်းမျဉ်းစည်ကမ်းများ ပိုမို တရားမျှတသမာတမတ်ကျလာ စေရန် လိုလားတောင့်တသူများ၏အသံကိုလည်း ဥပက္ခာမပြုသင့်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ကူးပြောင်းလာခြင်းသည် တားဆီးမရသည့် ခေတ်ရေစီးကြောင်းဖြစ်ကြောင်း၊ သမာရိုးကျ သို့မဟုတ် သမာရိုးကျမဟုတ်သည့် လုံခြုံရေး ခြိမ်းခြောက်မှုများ အဆက်မပြတ် ပေါ်ပေါက်နေသော်လည်း လုံခြံရေးနှင့်တည်ငြိမ်အေးချမ်းရေးသည် လူတိုင်းလိုလားတောင့်တနေ သည့်အရာဖြစ်သောကြောင့်  ငြိမ်းချမ်းရေးကို ခိုင်မာစွာကာကွယ်စောင့်ရှောက်သည့်အင်အားစုက ၄င်းအန္တရာယ်များကိုတိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း ၊ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ ကုန်သွယ်ရေး ကာကွယ်မှုဝါဒ၊ ကမ္ဘာ့ဘုံဦးတည်ချက်အတွေးအခေါ်များနှင့်ဆန့်ကျင်မှုများ အဆက်မပြတ် ရှိနေ သော်လည်း နိုင်ငံအသီးသီး၏အကျိုးအမြတ်ဆက်စပ်မှုများ၊ ကံကြမ္မာတူဆက်နွယ်မှုများ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများသည် လက်တွေ့အခြေအနေအရ ပြောင်းလဲလာကြောင်း၊ ယဉ်ကျေးမှုပဋိပက္ခ အနှောက်အယှက်များ အခါအားလျော်စွာ ပေါ်ပေါက်နေ သော်လည်း  မတူကွဲပြားသည့် ယဉ်ကျေးမှု များ အပြန်အလှန်ကူးလူးဖလှယ်နိုင်ရေးမှာ နိုင်ငံအသီးသီး၏ အများပြည်သူတို့လိုလားနေသည့်အရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)