24
Sun, Jun
785 New Articles

ကာဂျစ်စတန်နိုင်ငံက SCO အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်

၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရန် ရောက်ရှိလာသည့် ကာဂျစ်စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov (ယာဘက်ရှေ့ ဒုတိယမြောက်) အားတွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးအပြီး SCO အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကာဂျစ်စတန်နိုင်ငံက တာဝန်ယူရန် အဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

 တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ကမ်းရိုးတန်းမြို့ဖြစ်သော ချင်းသောင်တွင် ပြုလုပ်သည့် ၁၈ ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေး ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လာမည့်နှစ်အတွက် ဥက္ကဋ္ဌအဖြစ် ကာဂျစ်စတန်နိုင်ငံက အပြည့်အဝတာဝန်နိုင်ယူနိုင်ရေးနှင့် လာမည့်နှစ် ထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံများအားလုံး တက်ကြွစွာ ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားပါမယ်” ဟု ရှီက ပြောခဲ့သည်။ (Xinhua)