24
Sun, Jun
786 New Articles

မြောက်ကိုရီယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲက မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် လက်တွေ့ကျသည့် ခြေလှမ်းလျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ၀မ်ရိက ဆို

သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ ) Politics, Law & Military

ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

မြောက်ကိုရီယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲက မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် လက်တွေ့ကျသည့် ခြေလှမ်းလျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိက ယနေ့(ဇွန်လ ၁၂ ရက်) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိက စင်္ကာပူတွင် ကျင်းပသည့် မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲကို တစ်ကမ္ဘာလုံးက အလေးထားအာရုံစိုက်နေကြကြောင်း ၊ မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံသည် ရန်ဘက်အနေဖြင့် ရာစုနှစ်ဝက်ကျော် ဆက်ဆံလာရာမှ ယခုလို အတူတစ်စားပွဲတည်းအတူထိုင် ဆွေးနွေးနိုင်ခြင်းသည် အပြုသဘောဆောင်သည့်သင်္ကေတဖြစ်ပြီး သမိုင်းသစ်ကို လျှောက်လှမ်းခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ထိုသို့ အပြုသဘောဆောင်သည့်ဆောင်ရွက်ချက်များကို ကြိုဆိုထောက်ခံကြောင်း ၊ ၄င်းမှာလည်း တရုတ်နိုင်ငံက မျှော်လင့်နေသည့် ကြိုးစားဆောင်ရွက်နေသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံသည် အခက်အခဲ အနှောင့် အယှက်များကို ကျော်လွှားဖယ်ရှား၍ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အခြေခံသဘောတူ ညီချက်များ ရရှိကာ လက်တွေ့ကျသောခြေလှမ်းများလျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ၊ သက်ဆိုင်ရာနိုင်ငံအသီးသီးကလည်း ကြိုးစားပံ့ပိုးဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။ (Xinhua)