19
Sun, Aug
737 New Articles

တရုတ်-အီးယူ မိတ်ဖက်ဆက်ဆံရေး နီးကပ်စေရန် တရုတ်နိုင်ငံ သမ္မတ စိတ်ဝင်စား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (လယ်) က ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလော်ဒီ ဂျန်ကာတို့အား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk) နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလော်ဒီ ဂျန်ကာ (Jean-Claude Juncker) တို့နှင့် ဇူလိုင်လ ၁၆ ရက်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) အကြား နီးကပ်စွာ မိတ်ဖက်ဆက်ဆံရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံနှင့် အီးယူတို့က ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်သူများ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့ပေးသူနဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းကို ကာကွယ်ပေးသူများ ဖြစ်ပါတယ်” လို့ မြို့တော် ပေကျင်းရှိ Diaoyutai နိုင်ငံတော် ဧည့်ဂေဟာ၌ တက်စ်နှင့် ဂျန်ကာတို့နှင့် တွေ့ဆုံစဉ် ရှီက ပြောကြားခဲ့သည်။ (Xinnua)