19
Fri, Oct
737 New Articles

သမ္မတရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ရန်ရှိ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏အထူးကိုယ်စားလှယ် ဒုတိယဝန်ကြီးချုပ် Sun Chunlan အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Politics, Law & Military

ပေကျင်း၊သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဆွန်ချွန်လန်(Sun Chunlan) သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ၌ သြဂုတ်လ ၁၈ ရက်တွင် ကျင်းပမည့် ၁၈ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဆွန်သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို၏ ဖိတ်ကြားချက်အရ ယင်းအခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် က ယနေ့ သြဂုတ် ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)