14
Fri, Dec
665 New Articles

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့ တွေ့ဆုံ ဆွေးနွေး

အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi အား ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင် တွင် အခမ်းအနားဖြင့် ကြိုဆိုစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့သည် စက်တင်ဘာ ၁ ရက်က မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီက အီဂျစ်နိုင်ငံသည် အာရပ် ၊ အာဖရိက၊ အစ္စလာမ္မစ်နိုင်ငံများ ၊ဖွံ့ဖြိုးဆဲနိုင်ငံကြီးများနှင့် ခေတ်သစ်စီးပွားရေးဖြစ်ထွန်းသောအသိုက်အ၀န်း၏ ကိုယ်စားပြုတစ်ခုဖြစ် သောကြောင့် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အရေးကိစ္စများတွင် သက်ရောက်မှုများစွာ ရှိကြောင်း ၊ အီဂျစ်နိုင်ငံအစိုးရ၏ တည်ငြိမ်ရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများ၊ မိမိနိုင်ငံနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်များအား လျှောက်လှမ်းမှုကို အစဉ်အမြဲထောက်ခံအားပေး ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီဂျစ်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အလေးထားကြောင်း ၊ အီဂျစ်နိုင်ငံနှင့်အတူ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင် ကာ ဘုံအကျိုးစီးပွားကို ကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi အား ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင် တွင် အခမ်းအနားဖြင့် ကြိုဆိုစဉ် (ဆင်ဟွာ) 

ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့်  ခေတ်သစ်ပိုးလမ်းမကြီးအတူတည်ဆောက်ရာတွင် အီဂျစ်နိုင်ငံအား အရေးကြီးသည့်ရေရှည်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် သဘောထားသလို အီဂျစ်၏”၂၀၃၀ ရည်မှန်းချက်” “စူးအက်တူးမြောင်း စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးရေး”စသည့် ဖွံ့ဖြိုးရေးမဟာဗျူဟာများနှင့် ချိတ်ဆက်ကာ နှစ်နိုင်ငံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ အကြမ်းဖက်ဆန့်ကျင်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွားလိုကြောင်း နှင့် ယဉ်ကျေးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးဖလှယ်မှုများကို အတူတွန်းအားပေးလုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။ 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiကလည်း အီဂျစ်-တရုတ် နှစ်နိုင်ငံကြားတွင် ချစ်ကြည်ရေး အစဉ်အလာနှင့်အပြန်အလှန်ယုံကြည်မှုများတည်ရှိနေရာ နိုင်ငံတကာရေးရာအရေးကိစ္စပြဿနာများ တွင် ရပ်တည်ချက်ခြင်းတူညီသလို နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ၊ အီဂျစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ဦးစားပေးအလေးထားကြောင်း၊ အီဂျစ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအဆိုပြုချက်အား ထောက်ခံအားပေးသည့် အစောဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ၄င်းအဆိုပြုချက်မှ အီဂျစ်-တရုတ်နှစ်နိုင်ငံနှင့်နိုင်ငံတကာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အခွင့်အလမ်းကောင်းများကို သယ်ဆောင်လာပေးမည်ဟု အခိုင်အမာယုံကြည်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် အီဂျစ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံပါဝင်သွားမည်ဖြစ်ကြောင်း ၊ အီဂျစ်နိုင်ငံသည် အာဖရိကသမဂ္ဂ၏လာမည့်အလှည့်ကျ သဘာပတိနိုင်ငံအနေဖြင့်  အာဖရိက -တရုတ် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အာဖရိကတိုက် နိုင်ငံ များ အလိုအပ်ဆုံးမှာ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) ပေကျင်းထိပ်သီးဆွေးနွေးပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံက အာဖရိကတိုက်၏ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားခြင်းဖြစ်ကြောင်းကို ဖော်ပြကြောင်း၊ အီဂျစ်အနေဖြင့် အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကြီးအောင်မြင်စွာကျင်းပရန် အစွမ်းကုန် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၊ အရှေ့ အလယ်ပိုင်းရေးရာပြဿနာများတွင် တရုတ်နိုင်ငံ၏ တရားမျှတ၍ သမာတမတ်ကျစွာ ရပ်တည်ခဲ့ သည့်မှာ အပြုသဘောဆောင်ကြောင်း ၊ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို လည်း တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲပြီးနောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား တရုတ်နိုင်ငံ သမ္မတ နှင့် အီဂျစ်နိုင်ငံသမ္မတတို့၏ ရှေ့မှောက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)