တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားဝန်ကြီးချုပ်တို့တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ)နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီးမက်ဗီဒက်ဗ် (Dmitry Medvedev) (ဝဲ) တို့ ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ) Politics, Law & Military

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ သို့ တက်ရောက်လာသော ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီးမက်ဗီဒက်ဗ် (Dmitry Medvedev) နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံ စလုံးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု နှင့် ပြန်လည်ကောင်းမွန်လာမှု သို့ ရောက်ရှိအောင် ဆောင်ရွက်ရာတွင် အရေးပါသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းက မမျှော်မှန်းထားသည့် ရှုပ်ထွေးသော နိုင်ငံတကာ ပတ်ဝန်းကျင်အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို မြင့်မားသော အဆင့်တစ်ခုအထိ ထိန်းသိမ်းထားရန် နှင့် နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက်ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့်လုပ်ဆောင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီ က ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးအဖြစ် ရုရှားနိုင်ငံအား သွင်းကုန်ပြပွဲသို့ တက်ရောက်ရန် ကြိုဆိုပါကြောင်းပြောကြားခဲ့သည်။

Medvedev က ရုရှားနိုင်ငံ သည် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီခဲ့သည့် အရေးကြီးသော သဘောတူညီချက်များပြီးမြောက်အောင် တရုတ်နိုင်ငံ နှင့် အတူလက်တွဲဆောင်ရွက်လိုပါကြောင်း၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးချဲ့လုပ်ကိုင်လိုကြောင်း၊ နိုင်ငံတကာအရေးကိစ္စများတွင် ပိုမိုနီးကပ်သော ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လိုကြောင်း၊ နိုင်ငံတကာဥပဒေများကို စောင့်ရှောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)