19
Mon, Nov
668 New Articles

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ချက်နိုင်ငံ သမ္မတ တို့တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ချက်နိုင်ငံသမ္မတ Milos Zeman (ဝဲ) တို့ ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ) Politics, Law & Military

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ သို့ တက်ရောက်လာသော ချက်နိုင်ငံသမ္မတ Milos Zeman နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက တရုတ်နိုင်ငံ နှင့် ချက်နိုင်ငံတို့သည် ကာလရှည်ချစ်ကြည်ရင်းနှီးခဲ့ကြပြီး ပြည်သူများ၏ နက်ရှိုင်းသော ထောက်ပံ့မှု နှင့် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှုတို့က နှစ်နိုင်ငံ ဆက်ဆံရေးကို အမြစ်တွယ်ခိုင်မာလာစေခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ရှီက ၎င်း၏ ၂၀၁၆ခုနှစ် ချက်နိုင်ငံ ခရီးစဉ် တွင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ က ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် ကြီးမားသောစီမံကိန်းကြီးများ နှင့် အခြားသော လုပ်ငန်းကြီးများ ပိုမိုဖန်တီးရန် နှင့် ပို့ဆောင်ရေး၊ စွမ်းအင်၊ e-commerce နှင့် ဥာဏ်ရည်တု နည်းပညာ (AI) အစရှိသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာလုပ်ဆောင်ပြီး ပြည်သူအချင်းချင်းဖလှယ်မှုကို ပိုမိုဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

Zeman က ချက်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နှင့် စီးပွားရေးလုပ်ငန်းအသစ်များစတင်ဆောင်ရွက်ရန် တရုတ်လုပ်ငန်းရှင်များကို ကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံ အစိုးရများအကြား ဆွေးနွေးမှု စကားဝိုင်း နှင့် ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် နှင့် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။ (Xinhua)