19
Mon, Nov
668 New Articles

တရုတ်နိုင်ငံဝန်ကြီးချုပ် စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မည်

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း (ဝဲ) တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဧပြီ ၈ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၂ ရက်မှ ၁၆ရက်အထိ အစည်းအဝေးပွဲများ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က နိုဝင်ဘာ ၆ရက်တွင်ကြေညာခဲ့သည်။

လီခဲ့ချန်သည် စင်ကာပူခရီးစဉ်အတွင်း ၂၁ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များ အစည်းအဝေး၊ ၂၁ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား (10+3) ခေါင်းဆောင်များ အစည်းအဝေး၊ ၁၃ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)