06
Fri, Dec
482 New Articles

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ နှစ်ပတ်လည်အစည်းအဝေးစတင်

၂ဝ၁၈ ခုနှစ်တွင်ကျင်းပခဲ့သော ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) မြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည့် နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ ယနေ့(မတ် ၃ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားကို ပေကျင်းမြို့မဟာပြည်သူ့ခန်းမ၌ ပြုလုပ်ခဲ့ပြီး သမ္မတရှီကျင့်ဖိန် နှင့် အခြားတရုတ်နိုင်ငံ၏ထိပ်တန်းခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) ဥက္ကဋ္ဌ ဝမ်းရန်က အခမ်းအနားသို့တက်ရောက်လာသော နိုင်ငံရေးအတိုင်ပင်ခံ ပုဂ္ဂိုလ် ၂ဝဝဝကျော်အား အလုပ်အစီရင်ခံစာတစ်စောင်ကို ဦးစွာဖတ်ကြားတင်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)