တရုတ်နိုင်ငံက ဥာဏပစ္စည်းမူပိုင်ခွင့်အကာအကွယ်ပေးရေးကို ဘက်စုံတိုးမြှင့်ဆောင်ရွက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဥာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့ တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၄င်းတို့ ၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ပေကျင်းမြို့ ၌ ယနေ့ မတ် ၅ ရက်တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယပုံမှန်အစည်းအဝေးတွင် အဖွင့်မိန့် ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က အထက်ပါအစီရင်ခံစာကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)