ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ် မျက်နှာစုံညီ နှစ်ပတ်လည်အစည်းအဝေးအား မတ်လ ၈ ရက်နေ့လယ်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် မျက်နှာစုံညီ နှစ်ပတ်လည်အစည်းအဝေး၌ NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လီကျန်ရှူက လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားနေစဉ် (ဆင်ဟွာ)
မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်သော မျက်နှာစုံညီအစည်းအဝေးသို့ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ယင်း အစည်းအဝေးအတွင်း ဥပဒေပြုလွှတ်တော်အမတ်များက ၁၃ ကြိမ်မြောက် NPC အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မူကြမ်း ရှင်းပြချက်များအား ကြားနာမည် ဖြစ်သည်။ (Xinhua)