20
Sat, Apr
620 New Articles

အီတလီ၊ မိုနာကို ၊ ပြင်သစ်နိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် သမ္မတ ရှီကျင့်ဖိန် ပေကျင်းမြို့မှစတင်ထွက်ခွာ

၂၀၁၈ခုနှစ် ဒီဇင်ဘာလက ပေါ်တူဂီနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးသွားရောက်သော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်ဇနီး ဖုန်လိယွမ်တို့အား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ မတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီတလီနိုင်ငံသမ္မတ Sergio Mattarella ၊ မိုနာကိုနိုင်ငံ အကြီးအကဲ Albert II နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့ ၏ ဖိတ်ကြားချက်အရ ၄င်းနိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် ယနေ့(မတ် ၂၁ ရက်)တွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

သမ္မတရှီနှင့်အတူ ဇနီး ဖုန်းလိယွမ် ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) တို့  လိုက်ပါသွား ကြောင်း သိရသည်။(Xinhua)