20
Sat, Apr
620 New Articles

တရုတ်နိုင်ငံဝန်ကြီးချုပ် ဧပြီ ၈မှ ၁၂ ရက်ထိ ဥရောပသို့ အလည်ပတ်သွားမည်

တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီခဲ့ချန်အားတွေ့ရစဉ်(ဆင်ဟွာ) Politics, Law & Military

ပေဂျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီခဲ့ချန်(Li Keqiang)သည် ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့်၂၁ ကြိမ်မြောက်

တရုတ်နှင့် ဥရောပသမဂ္ဂခေါင်းဆောင်များ အစည်းအ၀း၊ ခရိုအေးရှားနိုင်ငံတွင် ကျင်းပမည့် ရှစ်ကြိမ်မြောက် တရုတ်နှင့် အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပနိုင်ငံများ၏ ခေါင်းဆောင် ရှစ်ဦးပြုလုပ်မည့် အစည်းအဝေးတို့အား တက်ရောက်ရန် ဧပြီ ၈ ရက်မှ ၁၂ ရက်ထိ ဥရောပသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပနှင့် တရုတ်တို့၏ သဘောတူညီချက်နှင့် ခရိုအေးရှားနိုင်ငံ ၀န်ကြီးချုပ် Andrej Plenkovic၏ ဖိတ်ကြားချက်အရတရုတ်နိုင်ငံ ၀န်ကြီးချုပ် လီသည် ဥရောပခရီးစဉ်ကို သွားရောက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Geng Shuangက ဧပြီ ၂ ရက်က ပြောကြားသည်။(Xinhua)