17
Thu, Oct
573 New Articles

တရုတ်နိုင်ငံ ရေတပ်နှစ်ပတ်လည်အတွက် နိုင်ငံစုံပါဝင်သော ရေတပ်ပြပွဲတွင် ပါဝင်ရန် ပထမဆုံး ပြည်ပသင်္ဘော ရောက်ရှိ

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်သင်္ဘောတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ချင်းသောင်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံစုံပါဝင်သော ရေတပ်ပြပွဲ တက်ရောက်ရန် စင်ကာပူနိုင်ငံမှ ရေတပ် ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း ဧပြီလ ၁၉ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ချင်းသောင်ခရိုင်၊ Dagang ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောသည် ဧပြီလ ၂၂ ရက်တွင် စတင်၍ လေးရက်ကြာပြုလုပ်မည့် အထိမ်းအမှတ်ပြပွဲအတွက် ပထမဆုံး နိုင်ငံခြား ရေတပ်သင်္ဘောလည်း ဖြစ်သည်။

နိုင်ငံစုံပါဝင်သော ရေတပ်ပြပွဲတွင် ပါဝင်ရန် နိုင်ငံပေါင်း ၆၀ ကျော်မှ ရေတပ်ကိုယ်စားလှယ်များနှင့် နိုင်ငံပေါင်း ၁၀ ခုကျော်မှ သင်္ဘောများအား ဖိတ်ကြားထားကြောင်း သိရသည်။ (Xinhua)