23
Tue, Jul
542 New Articles

ယဉ်ကျေးမှုအဖွဲ့အစည်းများအကြား ပွင့်လင်းမှု၊ အားလုံးပါဝင်မှု၊ နှစ်ဦးနှစ်ဖက် လေ့လာမှုအား သမ္မတ ရှီကျင့်ဖိန် အလေးထားပြော

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယဉ်ကျေးမှုအဖွဲ့အစည်းများအကြား ပွင့်လင်းမှုရှိရန်၊ အားလုံးပါဝင်မှုရှိရန်နှင့် နှစ်ဦးနှစ်ဖက် လေ့လာမှုအား သေချာစွာလုပ်ဆောင်ရန် လိုအပ်ကြောင်း မေလ ၁၅ ရက်က အလေးထားပြောကြားခဲ့သည်။

ရှီသည် ပေကျင်းမြို့တွင် ကျင်းပသော အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ (Conference on Dialogue of Asian Civilizations) ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

အာရှယဉ်ကျေးမှုအဖွဲ့အစည်းများအကြား ဖလှယ်မှုများနှင့် နှစ်ဦးနှစ်ဖက် လေ့လာမှုများကို အပြန်အလှန်နှင့် ညီမျှသော နည်းဟန်တစ်ခုတွင် ပြုလုပ်သင့်ကြောင်း၊  အမျိုးအမည်ကွဲပြားစွာဖြင့် ရည်မှန်းချက်မျိုးစုံ ထားရှိသင့်ကြောင်း ရှီကပြောကြားခဲ့သည်။ (Xinhua)