18
Sun, Aug
553 New Articles

ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နှင့် ၂၃ ကြိမ်မြောက် စိန့်ပီတာစ်ဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ် တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိ

ရုရှားနိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပါဝင်တက်ရောက်ခဲ့သည့်ပုံရိပ်များအား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နှင့် ၂၃ ကြိမ်မြောက် စိန့်ပီတာစ်ဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ် တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းသို့ ဇွန် ၈ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပါဝင်တက်ရောက်ခဲ့သည့်ပုံရိပ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပါဝင်တက်ရောက်ခဲ့သည့်ပုံရိပ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူးအတွင်းရေးမှူးဌာနနှင့် CPC ဗဟိုကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး  တင်းရွှဲရှန်၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ၊ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ၊ တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း တို့လည်း လေယာဉ်တစ်စင်းတည်းဖြင့် ပြန်လည်လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)