22
Fri, Nov
480 New Articles

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တာဂျစ်ကစ္စတန်နိုင်ငံဒုတိယဝန်ကြီးချုပ် နှင့်တွေ့ဆုံ

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟူချွန်ဟွာ (Hu Chunhua) အားတွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟူချွန်ဟွာ (Hu Chunhua) နှင့် တာဂျစ်ကစ္စတန်နိုင်ငံဒုတိယဝန်ကြီးချုပ် Davlatali Said တို့ အောက်တိုဘာလ ၁၄ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆန္ဒလမ်းညွှန်ချက်များဖြစ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်စီမံကိန်းများ နှင့် နှစ်နိုင်ငံအကြား ခိုင်မာသည့်ကုန်သွယ်မှုအားမြှင့်တင်ရန် ၊ နှစ်နိုင်ငံစဉ်ဆက်မပြတ်ကျယ်ပြန့်သည့်ဆက်ဆံရေးအားထိန်းသိမ်းရန်အတွက် တာဂျစ်ကစ္စတန်နိုင်ငံ နှင့် အတူတကွအလုပ်လုပ်ရန် ဆန္ဒရှိကြောင်း ဟူကဆိုသည်။

 

တာဂျစ်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်မှုအတွက် အလွန်အရေးပါကြောင်း နှစ်နိုင်ငံအကြားစီးပွားရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများအား ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်ဆန္ဒရှိကြောင်းတာဂျစ်ကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် က ပြောကြားခဲ့သည်။   (Xinhua)