29
Mon, May
563 New Articles

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဆွစ်ဇာလန် သွားမည်၊ ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Politics, Law & Military

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ် ကောင်စီ၏ ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်အတွင်း ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၀ ရက်က ကြေညာလိုက်သည်။

ခရီးစဉ်အတွင်း  သမ္မတ ရှီသည် ကမ္ဘာ့ စီးပွားရေး ဖိုရမ် တည်ထောင်သူနှင့် အမှုဆောင် ဥက္ကဋ္ဌ Klaus Schwab ၏ ဖိတ်ကြားချက်ဖြင့် ၄၇ ကြိမ်မြောက် ကမ္ဘာ့ စီးပွားရေး ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ရှီသည် ခရီးစဉ်အတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိနီယို ဂူတာရက်စ်၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်းနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ်ဘတ်ခ်ျတို့၏ ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီလ ၁၈ ရက်တွင် ဂျီနီဗာရှိ ကုလသမဂ္ဂ ရုံး၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း၊ Lausanne မြို့ရှိ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (IOC) ဋ္ဌာနချုပ် စသည့် နေရာများသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)