22
Mon, Jul
550 New Articles

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မကြာမီကျင်းပမည့် ဒုတိယအကြိမ်မြောက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အတို့ အကြား ဆွေးနွေးပွဲအပေါ် အောင်မြင်မှုရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ၏ သံတမန်ရေးရာအကြံပေး Philippe Etienne သည် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကြေညာလိုက်သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ စစ်မှုထမ်းဟောင်း လူမှုဖူလုံရေးအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနှင့် ဘေးကင်းလုံခြုံရေး ထောက်ပံ့ပေးရန် အမျိုးသားစင်တာတစ်ခုအား ဖေဖော်ဝါရီလ ၂၆ ရက်တွင် တရားဝင်စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဗင်နီးဇွဲလား နိုင်ငံတွင် အခြေအနေ တင်းမာမှု သို့ မဟုတ် မတည်ငြိမ်မှုများ ဖြစ်ပွားစေနိုင်သည့် စစ်ရေး ကျူးကျော်မှုများ နှင့် မည်သည့် လုပ်ဆောင်မှုမျိုး မဆို တရုတ်နိုင်ငံ အနေဖြင့် ဆန့် ကျင်ကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ်-ဂျူဘီယာ (Adel al-Jubeir) အား မြို့တော် ပေကျင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်က လက်ခံတွ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ပြည်သူတို့ ၏ လူမှုဘဝမြှင့်တင်ရေး ၊ လူမှုစီးပွားတိုးတက်အောင်ဆောင်ရွက်ရေး ၊  နက်ရှိုင်းသော ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေး တို့ အတွက် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ပေကျင်း၊ ဇန်န၀ါရီ ၃၁ ရက်(ဆင်ဟွာ)

Brexitအရေး တစ်ကမ္ဘာလုံးက အာရုံစိုက်နေချိန်တွင် ဗြိတိန်လွှတ်တော်က ဇန်န၀ါရီ ၂၉ ရက် ည၌ မဲခွဲဆုံးဖြတ်မှုတစ်ရပ်ပြုလုပ်ခဲ့ရာ လက်ရှိသဘောတူညီချက်ပါ အိုင်ယာလန်နယ်စပ်ရေးရာ အရံပြင်ဆင်မှု(Backup arrangement)ကို ပြန်လည်ပြင်ဆင်ရန် ဥရောပသမဂ္ဂနှင့်ထပ်မံညှိနှိုင်းရေးအတွက် ၀န်ကြီးချုပ်ထရီဇာမေကို တောင်းဆိုခဲ့သည်။ 

ပေကျင်း ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘရာဇီးနိုင်ငံ၌  ဇန်နဝါရီ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအပေါ် ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာတစ်စောင်ကို ဘရာဇီးသမ္မတ ဂျာဘိုလ်ဆန်နာရို(Jair Bolsonaro) ထံ ဇန်နဝါရီ ၂၆ ရက်က ပေးပို့ ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖဲလစ် ရှီဆတ်ခဲဒီ (Felix Tshisekedi) အား ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သမ္မတသစ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့်အတွက် ဇန်နဝါရီလ ၂၄ ရက်က တယ်လီဖုန်းမှတစ်ဆင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

အာရှဒေသဆိုင်ရာဘိုးအောက်ဖိုရမ်(BFA) ၏ ယခုနှစ်အတွက် နှစ်ပတ်လည်ညီလာခံကို တံခါးဖွင့်စီးပွားရေး ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး နှင့် တီထွင်ဆန်းသစ်ရေး ဦးတည်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး လီပေါင်တုန်(Li Baodong) က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။