25
Thu, Apr
605 New Articles

ABOARD LIAONING AIRCRAFT CARRIER ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်မတော်မှ လေယာဉ်တင်သင်္ဘော လျောင်းနင် (Liaoning) ပါဝင်သည့် ရေတပ်သင်္ဘောအုပ်စုတစ်ခုသည် အနောက်ပစိဖိတ်ဒေသ၌ ဧပြီ ၂ဝရက်တွင် ရေတပ်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုများနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်မှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဆုံးဖြတ်ချက်အတွက် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ယနေ့ (ဧပြီလ ၂၁ ရက်) ပြောကြားလိုက်သည်။

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကျူးဘားနိုင်ငံ သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံရသော Miguel Diaz-Canel ထံသို့ ဧပြီလ ၁၉ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှု နှင့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် win-win ရလဒ်များ ရရှိနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၆ ရက် ကပြောကြားခဲ့သည်။

ဘိုအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုများစွာ ရှိစေကာ မည်သူ့ကိုမျှ ခြိမ်းခြောက်ခြင်း၊ တည်ရှိပြီးသား နိုင်ငံတကာစနစ်ကို ပြောင်းပြန်ဖြစ်အောင်ကြိုးပမ်းခြင်း၊ သြဇာအာဏာလွှမ်းမိုးမှုရှိအောင် လုပ်ဆောင်ခြင်း တို့ကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဧပြီ ၁၀ ရက်ကပြောကြားခဲ့သည်။

ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လူသားမျိုးနွယ်အတွက် အနာဂါတ်မျှဝေအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်၊ အာရှ နှင့် ကမ္ဘာတစ်ခုလုံးတွင် ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ ပွင့်လင်းမြင်သာမှု၊ လှပမှုများ ရှိလာစေရန် ကမ္ဘာအရပ်ရပ်မှ လူသားများအားလုံး အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရန် ဧပြီ ၁၀ ရက် က တိုက်တွန်းပြောကြားခဲ့သည်။

ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်(IPR)ကာကွယ်ရေး ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက် ကပြောကြားခဲ့သည်။

ပေကျင်း ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ဖွင့်ပွဲ အခမ်းအနား ၌ အခမ်းအနား ခေါင်းစဉ် မိန့်ခွန်း ကို ပြောကြား ခဲ့ပြီး မိန့်ခွန်း အတွင်း မှ တန်ဖိုးကြီးမား သည့် အဓိက အချက် ၁၀ ချက် ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဘိုးအောက် ၊ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ယနေ့ ဧပြီလ ၁ဝ ရက်တွင် ခေတ်သစ်၌ တရုတ်နိုင်ငံက လုပ်ဆောင်ရန်လိုအပ်မည့် အရာများကို လမ်းညွှန်ချက်ပေးခဲ့ကြောင်း သိရသည်။