25
Thu, Apr
605 New Articles

ပေကျင်း ၊ ဧပြီ  ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့  ဧပြီလ ၈ ရက်နေ့ တွင် မဟာပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ သြစတြီးယားနိုင်ငံသမ္မတ အလက်ဇန္ဒားဗန်ဒါဘယ်လန် (Alexander Van der Bellen)သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်မည်ဖြစ်ပြီး ဧပြီလ ၇ ရက် မှ ၁၃ ရက်အထိ ကျင်းပမည့် အာရှနှစ်ပတ်လည်ကွန်ဖရန် ၂ဝ၁၈ ခုနှစ် Boao ဖိုရမ် သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မော်စကို ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အထူး သံတမန် ၊ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov တို့ က ဧပြီလ ၅ ရက်နေ့ တွင် မော်စကိုမြို့ ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

မော်စကို ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က ဧပြီလ ၅ ရက်နေ့တွင် မော်စကို မြို့ရှိ ကရင်မလင် နန်းတော် ၌ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အထူးသံတမန် ၊ တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးရဲအရာရှိပေါင်း ၃၆၁ ဦးသည် တာဝန်ထမ်းဆောင်နေစဉ် တိုင်းပြည်အတွက် အသက်စွန့် ခဲ့ရကြောင်း ၊ ၄င်းတို့ အနက် ၂၄၆ ဦးမှာ အလုပ်အလွန်အကျွံ ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ရှန်ဟိုင်း ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံ ဝမ်းယန် က တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အနေဖြင့် ခေတ်သစ်တွင် ဖွံ့ ဖြိုးတိုးတက်မှု နှင့် တီထွင်ဆန်းသစ်မှု ကို လုပ်ဆောင်ရန် နှင့်  ယင်းအား အောင်မြင်စွာကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းပြောကြားလိုက်သည်။

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ သမ္မတ Trần Đại Quang က ဧပြီလ ၁ ရက်နေ့ တွင် ဟနွိုင်း မြို့၌ ဗီယက်နမ် နိုင်ငံ သို့ တရားဝင် ချစ်ကြည်လည်ပတ်ရေး ခရီးရောက် ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား လက်ခံတွေ့ဆုံ ခဲ့သည်။

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith တို့က မတ်လ ၃၁ ရက် တွင် ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့ကြသည်။

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၃၁ ရက်နေ့၌ ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်း တွင် ကျင်းပ ပြုလုပ် ခဲ့သည့် ဆဋ္ဌမ အကြိမ်မြောက် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီး အစည်းအဝေး တွင် " ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာ သစ်ကို အတူတကွ ရေးဆွဲသွားကြမည်" ဟူသည့် ခေါင်းစဉ် ဖြင့် မိန့်ခွန်းပြောကြား ခဲ့သည်။

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ်သည် ရုရှားနိုင်ငံသို့ သတ္တမအကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကို ညီလာခံ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဧပြီလ ၁ ရက်မှ ၈ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။