18
Fri, Oct
573 New Articles

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာဆီယံနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး Elizabeth Buensuceso ဦးဆောင်လာသော အာဆီယံ ကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်ကော်မတီ (CPR) အား မြို့တော် ပေကျင်း၌ စက်တင်ဘာလ ၁၀ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ဗလာဒီဗော့စ်တော့မြို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် Eastern Economic Forum တက်ရောက်ရန် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သဝဏ်လွှာတစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် ထံသို့ စက်တင်ဘာ ၉ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး အတူလက်တွဲတည်ဆောက်ရန် အဆိုပြုခဲ့သည့် ၅ နှစ်တာ ကာလအတွင်းတွင် နိုင်ငံတကာ လူမှုအဖွဲ့အစည်း၏ထောက်ခံပါဝင်လိုသည့် တုံ့ပြန်မှုများ တစ်နေ့တခြား ပိုမိုကျယ်ပြန့် လာသည်ကိုတွေ့ရပေမည်။ ခေတ်သစ်ပိုးလမ်းကြီး တည်ဆောက်ပြီး အကျိုးတူဖြစ်ထွန်းလိုသည့်ဆန္ဒရှိကြရာ မိမိသဘော အလျောက် ပါဝင်လိုကြသည့်နိုင်ငံများလည်း များသည်ထက်များပြားလာသည်။ အဘယ်ကြောင့် ယခုကဲ့သို့ တက်တက်ကြွကြွပါဝင်လိုမှုများ ကျယ်ပြန့်များပြားလာရသနည်းဟုလေ့လာကြည့်ပါကအောက်ပါအချက်များကိုတွေ့ရပေမည်။

ပေကျင်း ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကာဇက်စတန်နိုင်ငံ၌ စက်တင်ဘာ ၇ ရက်တွင် ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားဖွင့်ပွဲဖိုရမ်သို့ဗီဒီယိုတိတ်ခွေ ပေးပို့၍ ဂုဏ်ပြုစကား ဆိုခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်း ဥပဒေပြုအမတ် Li Zhanshu သည် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဖြစ်သူ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ကာ မြောက်ကိုရီးယားနိုင်ငံသို့ စက်တင်ဘာလ ၈ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာဖရိက သမဂ္ဂ ကော်မရှင် (Aufrican Union Commission) ဥက္ကဋ္ဌ Moussa Faki Mahamat အား တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေးအပြီး စက်တင်ဘာလ ၅ ရက်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

ပေကျင်း ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၁၈ နှစ်ကာလအတွင်း တရုတ်-အာဖရိက ဆက်ဆံရေးနယ်ပယ်များတွင် အနောက်ကမ္ဘာမှ အချို့သောသူများက အာဖရိကတိုက်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ဆန့်ကျင်၍ စွပ်စွဲချက်မျိုးစုံဖြင့် ရှုပ်ထွေးမှုဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို မဟာပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လာမည့် ၃ နှစ်နှင့် နောက်ပိုင်းကာလများအတွင်း အာဖရိကနိုင်ငံများနှင့်အတူ စက်မှုလုပ်ငန်းဆိုင်ရာ မြှင့်တင်ခြင်း၊ အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှု၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု စသည့် နယ်ပယ်များအား လွှမ်းခြုံမှုရှိသော အဓိက ကနဦးခြေလှမ်း ၈ ခုကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။