18
Thu, Jul
543 New Articles

ပေကျင်း ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့ ၌ ယနေ့ (ဧပြီ ၂၃ ရက်) တွင်ကျင်းပပြုလုပ်သည့် ခေတ်သစ်ပိုးလမ်းမကြီး ကွန်ရက်သစ် ပထမကောင်စီ အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ ခဲ့ကြောင်း သိရသည်။

ချင်းသောင် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ရေတပ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို ယနေ့ နံနက်(ဧပြီ ၂၃ ရက်)တွင် လက်ခံတွေ့ ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားသောပေါက်ကွဲမှုများအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာတစ်စောင်ကို သီရိလင်္ကာနိုင်ငံသမ္မတ Maithripala Sirisenaထံသို့ ဧပြီ ၂၁ ရက်က ပေးပိုခဲ့ကြောင်း သိရသည်။ 

ချင်းသောင်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံစုံပါဝင်သော ရေတပ်ပြပွဲ တက်ရောက်ရန် စင်ကာပူနိုင်ငံမှ ရေတပ် ဖရီးဂိတ်စစ်သင်္ဘောတစ်စင်း ဧပြီလ ၁၉ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ်၊ ချင်းသောင်ခရိုင်၊ Dagang ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချူပ် လီခဲ့ချန်သည် ဘရပ်ဆဲမြို့တွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်၊ ခရိုအေးရှားနိုင်ငံတွင် ကျင်းပမည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ၏ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန်နှင့် ခရိုအေးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် ဧပြီလ ၈ ရက်၌ ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ဗီယင်တိန်း၊ဧပြီ ၆ ရက်(ဆင်ဟွာ)

 

လာအိုနိုင်ငံပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့် လာအိုနိုင်ငံသမ္မတ ဘွန်ဟန်ဗိုရာချစ်(Bounnhang Vorachith) ကခေတ်သစ်ပိုးလမ်းမကြီးစီမံချက်အရ အကောင်အထည်ဖော်လျက်ရှိသော တရုတ်- လာအို ရထားလမ်းက လာအိုပြည်သူတို့အားအကျိုးရှိစေလိမ့်မည်ဟုဧပြီလ၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

ရှန်ယန်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

၁၉၅ဝ-၅၃ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သားရုပ်ကြွင်း ၁ဝ လောင်းကို မြောက်ကိုရီးယားနိုင်ငံမှ  မိခင်တရုတ်နိုင်ငံသို့ ဧပြီ ၃ ရက်တွင် ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သိရသည်။

ပေဂျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီခဲ့ချန်(Li Keqiang)သည် ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့်၂၁ ကြိမ်မြောက်

တရုတ်နှင့် ဥရောပသမဂ္ဂခေါင်းဆောင်များ အစည်းအ၀း၊ ခရိုအေးရှားနိုင်ငံတွင် ကျင်းပမည့် ရှစ်ကြိမ်မြောက် တရုတ်နှင့် အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပနိုင်ငံများ၏ ခေါင်းဆောင် ရှစ်ဦးပြုလုပ်မည့် အစည်းအဝေးတို့အား တက်ရောက်ရန် ဧပြီ ၈ ရက်မှ ၁၂ ရက်ထိ ဥရောပသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) အား ဧပြီလ ၁ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံပြီး အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှု စည်းမျဉ်းအပေါ် အခြေခံ၍ တရုတ်-နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အင်တာနက်မှတစ်ဆင့် အချက်အလက်များ ပိုမိုရရှိရန် မော်ကွန်းတိုက်ဆိုင်ရာ အမျိုးသား အွန်လိုင်းပလက်ဖောင်းတစ်ခု တည်ထောင်ရန် စတင်မည် ဖြစ်ကြောင်း မော်ကွန်းတိုက်များဆိုင်ရာ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။