19
Mon, Nov
668 New Articles

ပေကျင်း၊နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ သည် ၄င်းတို့ ၏ ဒုတိယအကြိမ် သံတမန် နှင့် လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်တွင် အမေရိကန်နိုင်ငံဝါရှင်တန်မြို့ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ရင်က နိုဝင်ဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်လာသော လစ်သူယေးနီးယားနိုင်ငံသမ္မတ Dalia Grybauskaite နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ သို့ တက်ရောက်လာသော ချက်နိုင်ငံသမ္မတ Milos Zeman နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ သို့ တက်ရောက်လာသော ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီးမက်ဗီဒက်ဗ် (Dmitry Medvedev) နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။သမ္မတရှီ၏ အဖိုးတန်လှသည့်အဓိကမိန့်ခွန်းထဲမှ ကောက်နှုတ်ဖော်ပြရလျှင် -

ပေကျင်း ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့နေရာအနှံ့မှ ကုန်တင်သင်္ဘောများက တရုတ်နိုင်ငံ၏ပင်လယ်ရေပြင်သို့ အရှိန်မြှင့် ခုတ်မောင်း နေကြပြီ ဖြစ်သလို နိုင်ငံတကာ ကုန်တင်လေယာဉ်များကလည်း ရှန်ဟိုင်းမြို့ ဖူတုန်းနိုင်ငံတကာ လေဆိပ်ကို တဖွဲဖွဲရောက်ရှိလာပြီဖြစ်သည်။ ၄င်းတို့နှင့်လိုက်ပါလာသော တစ်ကမ္ဘာလုံးရှိ လုပ်ငန်း ပေါင်း ၃၀၀၀ ကျော်  ၊ ၀ယ်လက်ကုန်သည် ပေါင်း ၁သိန်း ၅ သောင်းကျော် ပါဝင်ကြမည့် ကုန်သွယ်ရေးပွဲတော်ကြီးသည် ဖူကျန်းမြစ်နံဘေးတွင် မကြာမီစတင်တော့မည်ဖြစ်သည်။ 

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ပထမဆုံး တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သို့ နိုင်ငံ ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာလ ၂၉ ရက်တွင် ကြေညာလိုက်သည်။

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ Sanchez Ceren ၊ ဒိုမီနီကန်နိုင်ငံ သမ္မတ Danilo Medina နှင့် ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel တို့သည် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက အောက်တိုဘာလ ၂၉ ရက်တွင် ကြေညာလိုက်သည်။

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် ပေကျင်းမြို့ ၌ အောက်တိုဘာ ၂၆ ရက်ကတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတွင် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို ထိန်းသိမ်းတန်ဖိုးထားသင့်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှေ့သို့မှန်မှန်ရွေ့လျားနေသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ အောက်တိုဘာ ၂၆ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို နှစ်နိုင်ငံစလုံးက မြတ်နိုးတန်ဖိုးထားရန် ပြောကြားခဲ့ကြောင်း သိရသည်။