07
Sat, Dec
481 New Articles

အိုဆာကာ ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဇွန်လ ၂၇ ရက် တွင် ဂျပန် နိုင်ငံ အိုဆာကာ မြို့ ၌ တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

အိုဆာကာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာ ဂျီ-၂၀(G-20) အစည်းအဝေး မတိုင်မီတွင် တရုတ်ပြည်သူ့နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂ အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ် တို့်ဇွန်လ ၂၈ ရက်ကတွေ့ ဆုံခဲ့ကြရာ၌ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ပင်လယ်ကွေ့ဒေသ သည် ယခုအခါစစ်နှင့်ငြိမ်းချမ်းရေး အတွက် အဓိကအရေးကြီးနေရာဖြစ်လာနေပြီး လုံးဝအထိမခံသောအခြေအနေတွင်ရှိနေကြောင်းပြော ကြားခဲ့သည်။

ပေကျင်း ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ ဖိတ်ကြားချက် အရ ဇွန်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် (၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ပေကျင်းမြို့ မှ အထူးလေယာဉ် ဖြင့် ဂျပန် နိုင်ငံ အိုဆာကာ သို့ ထွက်ခွာ သွား ခဲ့သည်။

ပေကျင်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဇွန် ၂၇ ရက် မှ ၂၉ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပမည့် ၁၄ ကြိမ်မြောက် G20 ထိပ်သီးအစည်းကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လုခန်က ယနေ့ဇွန် ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။(Xinhua)

ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blokနှင့် ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေဂျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)သည် အီဂျစ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ali Abdel-Aal နှင့် ဇွန် ၁၉ ရက်တွင် တွေ့ဆုံခဲ့ပြီး နယ်ပယ် အသီးသီးတွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပူးတွဲ ကြိုးပမ်း အားထုတ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ပြုံယမ်း ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့(ဇွန် ၂ဝ ရက်) နံနက်ပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာကြောင်း သိရသည်။(Xinhua)

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန်လ ၁၈ ရက်ညတွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ဂျာကာတာ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ အမြန်လမ်းတွင် ဇွန် ၁၇ ရက် က ယာဉ်မတော်တဆမှု ဖြစ်ပွားရာ လူ ၁၂ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တီဟီရန်၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံအနေဖြင့် အီရန်-တရုတ်ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်နိုင်ငံကိုလည်း ၎င်း၏ ရေရှည်မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် သဘောထားကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်မှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများအား ဘက်စုံထဲထဲဝင်ဝင်ဆောင်ရွက်သွားလိုကြောင်း အီရန်နိုင်ငံ သမ္မတ ရိုဟာနီက အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်ဟွာ၏ သံအမတ်ခန့်အပ်လွှာကို လက်ခံစဉ် ဇွန် ၁၇ ရက်က ပြောကြားခဲ့သည်ဟု သိရသည်။