22
Mon, Jul
550 New Articles

ပေကျင်း၊သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဆွန်ချွန်လန်(Sun Chunlan) သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ၌ သြဂုတ်လ ၁၈ ရက်တွင် ကျင်းပမည့် ၁၈ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀မ်ရိသည် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Maria Fernanda Espinosa Garceနှင့် သြဂုတ် ၆ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

စင်ကာပူ ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က သြဂုတ်လ ၂ ရက် ၌ စင်ကာပူ နိုင်ငံ တွင် တရုတ်-အာဆီယံ (10 + 1) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက် ပြီးနောက် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ  ကို တက်ရောက် ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ တွင် တောင်ကိုရီးယား နိုင်ငံ သတင်းထောက် က တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ တို့မှ ကိုးရီးယား ကျွန်းဆွယ် တိုက်ပွဲ ပြီးဆုံးခြင်း ကြေညာ စာတမ်း အား တွန်းအားပေး ထုတ်ပြန်လိုမှု နှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုလိုမှု နှင့် ပတ်သက်၍ သဘောထား အမြင်အား မေးမြန်းခဲ့သည်။

စင်ကာပူ ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က သြဂုတ်လ ၂ ရက် တွင် စင်ကာပူ နိုင်ငံ ၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတက်ရောက်မီ ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ခဲ့သည်။

စင်ကာပူ ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က သြဂုတ်လ ၁ ရက် တွင် စင်ကာပူ နိုင်ငံ ၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတက်ရောက်မီ နော်ဝေ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Soreide နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ခဲ့သည်။

ကွာလာလမ်ပူ ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah တို့က ဇူလိုင်လ ၃၁ ရက် တွင် ကွာလာလမ်ပူ မြို့ ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။ 

ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဂျယ်ရမီဟန်း(Jeremy Hunt) အား ပေကျင်းမြို့ ၌ ဇူလိုင် ၃၁ ရက်တွင် လက်ခံတွေ့ ဆုံခဲ့ပြီး နယ်ပယ်အားလုံးတွင် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှု နှင့် တရုတ်-ယူကေ နှစ်နိုင်ငံအကြား အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့သည်။

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းအေဂျင်စီ (Xinhua News Agency) ချိုင့်မင်ကျောက်သည် တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး Zvi Heifetz နှင့် ဇူလိုင်လ ၃၀ ရက်က တွေ့ဆုံကာ အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကဏ္ဍတွင် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနေခဲ့ကြောင်း သိရသည်။ 

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဘရာဇီး နိုင်ငံ သမ္မတ Michel Temer တို့က ဇူလိုင်လ ၂၆ ရက် ၌ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ် မြို့ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan တို့က ဇူလိုင်လ ၂၆ ရက် ၌ တောင်အာဖရိကန် နိုင်ငံ ဂျိုဟန်နက်စ်ဘတ် မြို့ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။