22
Mon, Jul
550 New Articles

ဖရန့်ခ်ဖွတ် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် (Cai Mingzhao) က ဇူလိုင်လ ၂၃ ရက် နှင့် ၂၄ ရက် တို့တွင် ဂျာမနီ နိုင်ငံ ဖရန့်ခ်ဖွတ် မြို့ ၌ Deutsche Presse-Agentur (DPA) သတင်းဌာန ဥက္ကဋ္ဌ Peter Kropsch နှင့် European Pressphoto Agency (EPA) သတင်းဌာန ဥက္ကဋ္ဌ Jörg Schierenbeck တို့ နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ခဲ့ပြီး သတင်းတင်ဆက်မှု တီထွင်စမ်းသစ်ခြင်း ၊  စီးပွားရေး အချက်အလက် နှင့် ဓာတ်ပုံ စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း တို့အား တိုးမြှင့် ဆောင်ရွက်သွားရန် သဘောထား အမြင်များအား ဖလှယ် ခဲ့ကြောင်း သိရှိရသည်။

ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၊ ဆီနီဂေါနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ တောင်အာဖရိကနိုင်ငံတို့အပြင် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ကျင်းပမည့် ၁၀ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ဇူလိုင်လ ၁၉ ရက်က တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ချင်းသောင်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Youth Campus ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် ဇူလိုင်လ ၁၆ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk) နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဂျိန်း-ကလော်ဒီ ဂျန်ကာ (Jean-Claude Juncker) တို့နှင့် ဇူလိုင်လ ၁၆ ရက်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) အကြား နီးကပ်စွာ မိတ်ဖက်ဆက်ဆံရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။

 

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင် ၁၉ ရက်မှ ၂၄ရက်အထိ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ဆီနီဂေါ၊ ရဝမ်ဒါ နှင့် တောင်အာဖရိက နိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ကာ ဂျိုဟန်နာ့စ်ဘတ်စ်မြို့တွင် ဇူလိုင် ၂၅ ရက်မှ ၂၇ရက် အထိ ကျင်းပမည့် ၁၀ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး သို့ တက်ရောက်သွားမည်ဖြစ်မည့်အပြင် မောရိသျှနိုင်ငံသို့လည်း ဝင်ရောက်ရပ်နား လည်ပတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင် ၁၂ ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် ဘူလ်ဂေးရီးယားနိုင်ငံ နှင့် ဂျာမနီနိုင်ငံ များသို့ တရားဝင်ခရီးစဉ် သွားရောက်ပြီးနောက် ဇူလိုင် ၁၁ ရက်တွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဖူးခက်တွင် လှေနှစ်စင်းနစ်မြုပ်ပြီးနောက် ပျောက်ဆုံးနေသည့် တရုတ်နိုင်ငံသားများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကို မီးကုန်ယမ်းကုန် ပြုလုပ်ရန် ဇူလိုင်လ ၆ ရက်က ပြောကြားလိုက်သည်။

ဗီယင်နာ ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် သြစတြီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Karin Kneissl တို့သည် ဇူလိုင် ၅ ရက်နေ့ က ဗီယင်နာ မြို့တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဘူလ်ဂေးရီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးများ သွားရောက်ရန် မြို့တော် ပေကျင်းမှ ဇူလိုင်လ ၅ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။