22
Mon, Jul
550 New Articles

ချင်းသောင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပုံစံသစ် ဖန်တီးခဲ့ပြီး ဒေသတွင်း ငြိမ်ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိရန် ကူညီထောက်ပံ့မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

ချင်းသောင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှု အတွက် အလားအလာများစွာ တည်ရှိနေကြောင်း တရုတ်နိုင်ငံ မှ တာဝန်ရှိသူတစ်ဦး က ဇွန် ၈ ရက်တွင်ပြောကြားခဲ့သည်။

ချင်းသောင်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တာဝန်ရှိသူတစ်ဦး က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင် နိုင်ငံများသည် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းများ ဖွဲ့စည်းမှု နှင့် သတင်းအချက်အလက်လုံခြုံရေး ခြိမ်းခြောက်မှု အစရှိသော စိန်ခေါ်မှုများကို ရင်ဆိုင်၍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဇွန် ၈ ရက်ကပြောကြားခဲ့သည်။

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ဇွန်လ ၈ ရက် မှ ၁ဝ ရက်အထိ ကျင်းပမည့်  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ၁၈ ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝးတက်ရောက်ရန် တရုတ်နိုင်ငံသို့  တရားဝင်ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာက အထူးအရေးပါသော အာရုံစိုက်မှုအဖြစ် ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organization= SCO) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့မှာ မကြာမီကျင်းပတော့မည် ဖြစ်သည်။

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ မကြာမီလာရောက်မည့် တရုတ်နိုင်ငံခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွန်းအားသစ်ဖြစ်စေမည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

ပရီတိုးရီးယား ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

 တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Lindiwe Sisulu တို့က ဇွန်လ ၄ ရက်နေ့ ၌ ပရီတိုးရီးယား မြို့တွင် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ပေကျင်း ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရဲတပ်ဖွဲ့ က နိုင်ငံအတွင်းရှိ ကောလိပ်ကျောင်းများဝင်ခွင့်စာမေးပွဲများတွင် စာကူးချမှုများမဖြစ်ပေါ်စေရန် မေလ နှောင်းပိုင်းကတည်းက ဆောင်ရွက်နေပြီး အဆင့်မြင့်နည်းပညာသုံး စာကူးချ နိုင်သောကိရိယာများ ရောင်းချခြင်း နှင့် ထုတ်လုပ်ခြင်းကို လိုက်လံဖမ်းဆီးလျက်ရာ ပြစ်မှုပေါင်း ၁၂ ခုထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ 

ပေကျင်း ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ အကြီးဆုံး နှင့် အခက်ခဲဆုံး ဆင်းရဲနွမ်းပါးမှု စစ်မြေပြင်ဖြစ်နေသည့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုစစ်တလင်းကို အနိုင်ယူရန် နှင့် တရုတ်လူမျိုးတို့ ၏ အတွေးအမြင်၊ ဖြေရှင်းချက်များနှင့်အတူ ကမ္ဘာ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို လျင်လျင်မြန်မြန်တိုးတက်မှုရအောင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဦးဆောင်ဦးရွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းသောင်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

၁၈ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Coorperation Organization) ထိပ်သီးအစည်းအဝေး၏ မီဒီယာစင်တာကို ဇွန်လ ၆ ရက်မှစတင်ကာ ပြည်တွင်း ပြည်ပ သတင်းစာဆရာများအတွက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးဖြစ်မြောက်ရေးစီစဉ်သူများက ဇွန်လ ၃  ရက်တွင် ပြောကြားလိုက်သည်။