20
Tue, Aug
530 New Articles

ပေကျင်း၊ ဇန်နဝါရီ ၃၀ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ ဘုရင် ဝီလျံ အလက်ဇန္ဒြား သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၇ မှ ၈ရက် အထိ တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ ဆက်ဆံရေး ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာစေရန် အတူတကွ ပူးတွဲလုပ်ဆောင်ကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) တွင် တိုက်တွန်း ပြောကြားလိုက်သည်။

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုမို သည် ဇန်နဝါရီ ၂၇ ရက်မှ ၂၈ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ကြေညာခဲ့သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အထူးသံတမန် ဆုန့်ထောင်း (Song Tao) သည် ကျူးဘားနိုင်ငံသို့ ဇန်နဝါရီ ၂၁ရက် တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ဇန်နဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေးက ဇန်နဝါရီလ ၁၂ ရက်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အရ သိရသည်။

ဖနွမ်းပင်၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံအနေဖြင့်မဟာဗျူဟာမြောက်ထူးခြားမှုတစ်ရပ်အဖြစ်        ကမ္ဘောဒီးယားနိုင်ငံ နှင့်အတူ အနာဂတ်တွင် မျှဝေခံစားမည့် အနာဂတ်ကို တည်ဆောက်သွားမည်ဖြစ်      ကြောင်း ဇန်နဝါရီလ ၁၁ ရက်က ကတိပြုပြောကြားခဲ့သည်။ ဝန်ကြီးချုပ် လီခဲ့ချန် က ကမ္ဘောဒီးယား          နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တွင်တွေ့ဆုံရာ၌ ထိုကဲ့သို့ ကတိ       ပြုခဲ့ခြင်းဖြစ်သည်။လီက မြို့တော် ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး သို့တက်ရောက်ပြီးကမ္ဘောဒီး         ယားသို့ချစ်ကြည်ရေးခရီး ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကမ္ဘောဒီးယား နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး နှင့် ကမ္ဘောဒီးယား နိုင်ငံ တရားဝင် လည်ပတ်ရေး ခရီးစဉ် အပြီး ဇန်နဝါရီ ၁၁ ရက်နေ့ ညပိုင်း အချိန်တွင် အထူး လေယာဉ်ဖြင့် တရုတ် နိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဖနွမ်းပင် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ ဘုရင် Norodom Sihamoni နှင့် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တို့က ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ဖနွမ်းပင် မြို့ရှိ ဘုရင်နန်းတော် တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့်  ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ဇန်နဝါရီ ၁၀ ရက်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဇန်နဝါရီလ ၁ဝ ရက်တွင် နော်ဒစ် နှင့် ဘော်လ်တစ်ဒေသ နိုင်ငံများမှ ပါလီမန်ခေါင်းဆောင်များနှင့်တွေ့ ဆုံစဉ် နှစ်ဖက်အကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု နှင့် အဆင့်မြင့်ကိုယ်စားလှယ်များအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။