ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၉ ရက်က တရုတ်-အမေရိကန် THINK TANKS  မီဒီယာ ဗွီဒီယို ဖိုရမ်တွင် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၉ ရက်က တရုတ်-အမေရိကန် THINK TANKS  မီဒီယာ ဗွီဒီယို ဖိုရမ်တွင် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

WHOမှ အမေရိကန်နုတ်ထွက်ရန် ဆောင်ရွက်ခြင်းသည် ၎င်း၏ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဝါဒကျင့်သုံးခြင်းနှင့် ကတိဖျက်နုတ်ထွက်ခြင်း၏ နောက်ထပ် သက်သေတစ်ခုဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထမ်းဆောင်သင့်သည် နိုင်ငံတကာတာဝန်နှင့်ဝတ္တရားများကို ဆောင်ရွက်ကာ နိုင်ငံကြီးတစ်နိုင်ငံရှိသင့်သည့် တာဝန်ယူမှုတာဝန်ခံမှုကို ပြသရန် တိုက်တွန်းကြောင်း   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၈ ရက် တွင်ပြောကြားခဲ့သည်။ 

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံတွင် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ရန် အသက်မွေးမှုသင်တန်းကျောင်းများသို့ ယွမ် ၂၇ သန်း (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) တန်ဖိုးရှိသော ပစ္စည်းကိရိယာများ လှူဒါန်းသွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရက ဇူလိုင် ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပစ္စည်းကိရိယာလှူဒါန်းခြင်း စီမံချက်အတွက် သဝဏ်လွှာဖလှယ်မှုအရ သိရသည်။

ပေကျင်း ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

တိဘက် နှင့်ဆက်စပ်သော ကိစ္စရပ်များတွင် အလွန်ဆိုးရွားသော လုပ်ဆောင်မှုများဖြစ်သည့် အမေရိကန်နိုင်ငံ၏ မှားယွင်းသော ဥပဒေပြဌာန်းချက်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ  လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ်  ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှု ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။

ဟောင်ကောင် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) 

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသ၏ ကြွယ်ဝချမ်းသာမှု နှင့် တည်ငြိမ်ရေးမှုကို ဖြစ်စေမည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ 

ဟောင်ကောင်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဗဟိုပြည်သူ့အစိုးရရုံးကို ဇူလိုင် ၈ ရက် နံနက်ပိုင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ပေကျင်း ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ (သို့မဟုတ်) အထက်တန်းစာမေးပွဲကို ဇူလိုင် ၇ ရက်တွင် စတင်ခဲ့ကျင်းပခဲ့သည်။ ယခုနှစ်တွင် ကျောင်းသူကျောင်းသား ၁၀ ဒသမ ၇၁ သန်းက နှစ်ပတ်လည်စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုကြရာ COVID-19 ကပ်ရောဂါ စတင်ကူးစက်ချိန်နောက်ပိုင်း တရုတ်နိုင်ငံတွင် ပြုလုပ်သော အကြီးဆုံး အခမ်းအနားတစ်ခုဖြစ်ပေလိမ့်မည်။

ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဥပဒေကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၌ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရသည်။ 

ပေကျင်း၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Ajit Dovalတို့သည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များအဖြစ် ဇူလိုင် ၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။