23
Wed, Oct
570 New Articles

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဆော်လမွန်ကျွန်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသားများ၏ ခရီးသွားလည်ပတ်စရာ နေရာတစ်ခုဖြစ်လာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အောက်တိုဘာလ ၈ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်တစ်နိုင်ငံတည်း မူဝါဒ အခြေခံစည်းမျဉ်းအပေါ် ပြောင်းလဲ ကျင့်သုံးလာချိန်တွင် တရုတ်နိုင်ငံ နှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည်ခိုင်မာလာကြောင်း နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ယနေ့အောက်တိုဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ပေကျင်း၊အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်၍ ဒုတိယအကြိမ်မြောက် တရုတ်-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင် အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ပြီး နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်-အမေရိကန် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုအသစ်အတွက် ဝါရှင်တန်သို့သွားရောက်မည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဘူလ်ဂေးရီးယားနိုင်ငံ၊ ရိုမေးနီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ပိုလန်နိုင်ငံတို့ထံ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အတွက် အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။

ပေကျင်း၊အောက်တိုဘာ ၇ရက်(ဆင်ဟွာ)

ဆော်လမွန်ကျွန်းနိုင်ငံ(Solomon)ဝန်ကြီးချုပ် Manasseh Sogavare သည် အောက်တိုဘာ ၈ ရက်မှ ၁၃ ရက်အထိ တရားဝင်နိုင်ငံတော်အလည်အပတ်ခရီးစဉ် တစ်ခုအဖြစ် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်(Hua Chunying)က ယနေ့အောက်တိုဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ပေကျင်း၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် (၇၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းတို့ ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း  သိရသည်။

တိုင်ယွန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံမြောက်ပိုင်းရှန်ဇီပြည်နယ်အတွင်းရှိ တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေး စခန်းမှ ၎င်း၏သုတေသနဂြိုဟ်တုတစ်စင်းကို အာကာသအတွင်းသို့ အောက်တိုဘာလ ၅ ရက်၊တရုတ် စံတော်ချိန် နံနက် ၂း၅၁ နာရီတွင်လွှတ်တင်ခဲ့ကြောင်း သတင်းများအရသိရသည်။

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်မှစ၍ နှစ် ၇၀ အတွင်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ပြသရန် ပေကျင်းမြို့၌ ပြပွဲတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံက မြောက်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့ တွေ့ဆုံဆွေးနွေးမှု ပြန်လည် စတင်ရန် ကြေညာချက် များအား ကြိုဆိုကြောင်း နှင့် နှစ်ဘက်လုံးမှ အပြုသဘော ရလဒ်များ အတွက် ကြိုးပမ်းသွားရန် အခွင့်အလမ်းများကို ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။