23
Wed, Oct
570 New Articles

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။ 

ဟောင်ကောင်၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နှစ် ၇၀ ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနားကို ဟောင်ကောင်မြို့တစ်ဝန်းတွင် ထောင်ပေါင်းများစွာသောမြို့နေပြည်သူများက မျိုးချစ်စိတ်ဓါတ ်ပြည့်ဝ သော လှုပ်ရှားမှုပုံစံအမျိုးမျိုးဖြင့် အောက်တိုဘာလ ၁ ရက် က ကျင်းပခဲ့ကြကြောင်းသိရသည်။

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁၀၀ကျော်မှ မျက်မှောက်ကာလအထိ  တရုတ်နိုင်ငံ၏ မကောင်းသောကံကြမ္မာကြောင့်ဖြစ်ခဲ့သည့် ဆင်းရဲခြင်း နှင့် မခိုင်မာခြင်းတို့ ကြောင့် အနိုင်ကျင့်ခံရခြင်း နှင့် အရှက်ရခဲ့ခြင်းတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းကြောင့် ကံကြမ္မာကောင်းသို့လုံးဝပြောင်းလဲသွားစေခဲ့ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အောက်တိုဘာ ၁ရက်တွင်ပြောကြားခဲ့သည်။ 

ပေကျင်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရည်မှန်းချက်(China Dream)အား လက်တွဲညီညီတည်ဆောက်ကြမည့် ပြည်သူ့ဆန္ဒဖော်ပြပွဲအား ယနေ့ (အောက်တိုဘာ ၁ ရက်) တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ထျန်းအန်းမင် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ရှေ့သို့ချီတက်နေသော တရုတ်နိုင်ငံနှင့် ပြည်သူများ(သို့မဟုတ်)တရုတ်နိုင်ငံ၏တည်ရှိမှုကိုလှုပ်ခတ်ရန် မည်သည့်တပ်ဖွဲ့ကမျှလုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့သည်။

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားကြီးတွင် အမျိုးသမီး ဗိုလ်ချုပ်နှစ်ဦး ဦးဆောင်သည့် အမျိုးသမီးတပ်ဖွဲ့က အောက်တိုဘာလ ၁ ရက် နံနက်ပိုင်း၌ ထျန်းအန်းမင်ရင်ပြင်တစ်လျှောက် ချီတက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ပေကျင်း ၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနား၏ အမျိုးသားနေ့ စစ်ရေးပြချီတက်မှုတစ်ခုတွင် အသစ်တီထွင်ထုတ်လုပ်ထားသည့် Dongfeng-17 သမားရိုးကျဒုံးကျည်များကို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံက ထုတ်ဖော်ပြသခဲ့သည်။

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားကိုတရုတ်နိုင်ငံ ပေကျင်းမြို ့လယ်၌ ယနေ ့အောက်တိုဘာ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ရေးပြချီတက်မှုတစ်ခုတွင် Dongfeng-5B နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များကို အုပ်စုတစ်ခုဖွဲ ့၍ ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို ့၌ ယနေ ့အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် အမျိုးသားနေ ့စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ ခေတ်အမီဆုံးနည်းပညာ နှင့် စွမ်းအားအမြင့်ဆုံးဖြစ်သော Dongfeng-41 တာဝေးပစ် တိုက်ချင်းပစ်မဟာဗျူဟာမြောက်နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထူထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနား ဂုဏ်ပြုစစ်ရေးပြချီတက်ပွဲကို ယနေ့အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ထျန်းအန်းမင်ရင်ပြင်၌ ကျင်းပရာ တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA)၏ ရေတပ် မျိုးဆက်သစ်တပ်ဖွဲ့ တစ်ဖွဲ့ကလည်း ပါဝင်ချီတက်အလေးပြုခဲ့ကြောင်း သိရသည်။