23
Fri, Aug
523 New Articles

ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးထံသို့  တရုတ်-ဖိလစ်ပိုင် သံတမန်အဆက်အသွယ်ထားရှိသည့် (၄၄)နှစ်ပြည့်အထိမ်းအမှတ်နှင့် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရရှိသည့် (၁၂၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန် ၉ ရက်က ၀မ်းမြောက်ကြောင်း ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ ခဲ့ကြောင်း သိရသည်။ 

 

ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sooronbay Jeenbekov၏ ဖိတ်ကြားချက်အရ ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေး ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ဘီရှကက်မြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဇွန် ၉ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နှင့် ၂၃ ကြိမ်မြောက် စိန့်ပီတာစ်ဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ် တက်ရောက်ပြီးနောက် တရုတ်နိုင်ငံ ပေကျင်းသို့ ဇွန် ၈ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မော်စကို ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့က ဇွန်လ ၅ ရက် ညပိုင်း အချိန် တွင် မော်စကို မြို့ ၌ “တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ အကြား လက်ရှိ့ကမ္ဘာ့ မဟာဗျူဟာ တည်ငြိမ်မှု ရရှိရေး ဆိုင်ရာ ပူးတွဲကြေညာချက်” အား လက်မှတ်ရေးထိုး ခဲ့ကြသည်။

ပေကျင်း ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် နှင့် ၂၃ ကြိမ်မြောက် စိန့် ပီတာစဘာဂ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့ (ဇွန် ၅ ရက်)တွင် ပေကျင်းမြို့ မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ တရုတ်နိုင်ငံ၏ရပ်တည်ချက် ဟူသော စက္ကူဖြူကြေညာချက်ကို တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ဇွန် ၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို လေးစားရမည်ဖြစ်ကြောင်း၊ နှစ်ဖက် သဘောတူညှိနှိုင်းချက်များမှာ တရားမျှတမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသင့်ကြောင်း ၊ အရေးကြီး မူဝါဒပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် လုံးဝ နောက်ဆုတ်အလျှော့ပေးမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ 

ပေကျင်း၊ မေ ၃၀ ရက်က (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၅ ရက်မှ ၇ ရက်အတွင်း ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေလ ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) ထံသို့ ၎င်း၏ Bharatiya Janata ပါတီက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် မေလ ၂၃ ရက်တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က အသက် ၉၅ နှစ်အရွယ်ရှိ စစ်ပြန်သူရဲကောင်းတစ်ဦးဖြစ်သူ ကျန်းဖူချင်း (Zhang Fuqing) ၏ တိုင်းပြည်ချစ်စိတ်အပေါ် အတုယူစိတ်မွေးကြရန် ၊ ခေတ်သစ်တွင် အစွမ်းထက်ဆုံးအင်အားများကို ဖန်တီး၍ ပြည်သူများအတူတကွရှေ့ဆက်၍ ချီတက်ကြရန် တောင်းဆိုခဲ့သည်။ 

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် ဂျိုကိုဝီဒိုဒို (Joko Widodo) ထံသို့ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့်လည်းကောင်း၊ ၎င်းကိုယ်တိုင် အနေဖြင့်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။