ပေကျင်း၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

(၅)ကြိမ်မြောက် ကမ္ဘာ့ အင်တာနက် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၇ ရက်က ကျဲ့ကျန်း ပြည်နယ် ဝူးကျန့်တွင် ကျင်းပခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

စင်ကာပူ ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း က စင်ကာပူ နိုင်ငံ ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၅ ရက် မှ ၇ ရက် အထိ သွားရောက်လည်ပတ် ခဲ့ပြီး စင်ကာပူ နိုင်ငံ သမ္မတ နှင့် ဝန်ကြီးချုပ် များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၂ ရက်မှ ၁၆ရက်အထိ အစည်းအဝေးပွဲများ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က နိုဝင်ဘာ ၆ရက်တွင်ကြေညာခဲ့သည်။

ပေကျင်း၊နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ၎င်းတို့၏ ဒုတိယအကြိမ် သံတမန် နှင့် လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်တွင် အမေရိကန်နိုင်ငံဝါရှင်တန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ရင်က နိုဝင်ဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်လာသော လစ်သူယေးနီးယားနိုင်ငံသမ္မတ Dalia Grybauskaite နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ သို့ တက်ရောက်လာသော ချက်နိုင်ငံသမ္မတ Milos Zeman နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ သို့ တက်ရောက်လာသော ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီးမက်ဗီဒက်ဗ် (Dmitry Medvedev) နှင့် နိုဝင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။သမ္မတရှီ၏ အဖိုးတန်လှသည့်အဓိကမိန့်ခွန်းထဲမှ ကောက်နှုတ်ဖော်ပြရလျှင် -

ပေကျင်း ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

ကမ္ဘာ့နေရာအန့ှံမှ ကုန်တင်သင်္ဘောများက တရုတ်နိုင်ငံ၏ပင်လယ်ရေပြင်သို့ အရှိန်မြှင့် ခုတ်မောင်း နေကြပြီ ဖြစ်သလို နိုင်ငံတကာ ကုန်တင်လေယာဉ်များကလည်း ရှန်ဟိုင်းမြို့ ဖူတုန်းနိုင်ငံတကာ လေဆိပ်ကို တဖွဲဖွဲရောက်ရှိလာပြီဖြစ်သည်။ ၎င်းတို့နှင့်လိုက်ပါလာသော တစ်ကမ္ဘာလုံးရှိ လုပ်ငန်း ပေါင်း ၃၀၀၀ ကျော် ၊ ဝယ်လက်ကုန်သည် ပေါင်း ၁သိန်း ၅ သောင်းကျော် ပါဝင်ကြမည့် ကုန်သွယ်ရေးပွဲတော်ကြီးသည် ဖူကျန်းမြစ်နံဘေးတွင် မကြာမီစတင်တော့မည်ဖြစ်သည်။

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ပထမဆုံး တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သု့ိ နိုင်ငံ ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာလ ၂၉ ရက်တွင် ကြေညာလိုက်သည်။