ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မဟာပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ပေကျင်း ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့မပေးဆပ်ရသေးသည့်ချေးငွေများကျန်ရှိနေသည့် အာဖရိကနိုင်ငံများအား ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြွေးမြီများ လျှော်ပေးသွားမည်ဖြစ်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အနာဂတ်မျှဝေမှုနှင့်အတူ ခိုင်မာသော တရုတ်-အာဖရိက လူမှုအသိုက်အဝန်း တည်ဆောက်ရေးအတွက် စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်သော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်းထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်း၌ သမ္မတ ရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးပွင့်လင်းလာစေရန် နှင့် ဘက်စုံကုန်သွယ်ရေးစနစ် အပြည့်အဝေ အကာအကွယ်ပေးရန် ဆန္ဒရှိပြီး တစ်ချိန်တည်းမှာပင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒကို ဆန့်ကျင်ကြောင်း ယနေ့စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အကျိုးရလဒ်များ အတူတကွ မျှဝေခံစားရန် ခေတ်သစ်ပိုးလမ်းမကြီး ပူးတွဲတည်ဆောက်ရာတွင် အာဖရိကနိုင်ငံများအား တရုတ်နိုင်ငံက ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံနှင့် အာဖရိက ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များအကြား စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်သော အဆင့်မြင့် ဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (၇)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို စက်တင်ဘာ ၂ ရက်က DiaoYuTai နိုင်ငံတော် ဧည့်ဂေဟာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၃ ရက် မှ ၄ ရက်ထိ ပေကျင်းမြို့၌ ကျင်းပမည့် ၂ဝ၁၈ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်အား စက်တင်ဘာ ၂ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့သည် စက်တင်ဘာ ၁ ရက်က မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ကိုမိုရိုနိုင်ငံ သမ္မတ Azali Assoumani နှင့် စက်တင်ဘာ ၁ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ကျင်းပသည့် ၂ဝ၁၈ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံသို့ရောက်ရှိနေသော ဂီနီနိုင်ငံသမ္မတ အယ်လ်ဖာကွန်ဒီ(Alpha Conde) အား စက်တင်ဘာ ၁ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။