ပေကျင်း၊ စက်တင်ဘာ ၁ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ဘီနင်နိုင်ငံ သမ္မတ Patrice Talon၊ ဆီရှယ်လီးစ်နိုင်ငံ သမ္မတ Danny Faure၊ ဂီနီနိုင်ငံ သမ္မတ Alpha Conde၊ လိုက်ဘေးရီးယားနိုင်ငံသမ္မတ George Weah တို့နှင့် စက်တင်ဘာ ၁ရက်တွင် ပေကျင်းမြို့၌တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ ဖိတ်ကြားချက်အရ အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed Ali နှင့် လီဆိုသိုနိုင်ငံ ဝန်ကြီးချုပ် Thomas Motsoahae Thabane တို့သည် ၂၀၁၈ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ တရားဝင်ခရီးစဉ် အဖြစ် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က စက်တင်ဘာ ၁ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita၊ နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Mahamadou Issoufou၊ တောင်ဆူဒန်နိုင်ငံ သမ္မတ Salva Kiir တို့ နှင့် သြဂုတ် ၃၁ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မေးလ်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံရှိ ပင်လယ်ဖြတ်ကာတည်ဆောက်ထားသော တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား ယာဉ်သွားလာရန်အတွက် သြဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်င သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဂါနာနိုင်ငံ သမ္မတ Nana Akufo-Addo ၊ အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi ၊ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa နှင့် ကွန်ဂိုသမ္မတနိုင်ငံ Denis Sassou Nguesso တို့သည် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်ရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက သြဂုတ်လ ၃၁ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)

ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာခဲအို အာခီဘာ နှင့် သြဂုတ် ၂၉ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ခုနှစ် မတိုင်မီ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှု လုံးဝပပျောက်ရေးအတွက် ပြင်ဆင်ရာတွင် လာမည့်သုံးနှစ် ၌ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုက်ပွဲအား အောင်နိုင်စေရန် မကြာသေးမီက လမ်းညွှန်ချက်တစ်ခုအား ထုတ်ပြန်ခဲ့သည်။

ပေကျင်း၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သြဂုတ် ၂၇ ရက်တွင် ပေကျင်းမြို့မဟာပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ခေတ်သစ်ပိုး လမ်းမကြီးတည်ဆောက်ရေး(၅)နှစ်ပြည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းစကားပြောကြားခဲ့ပါသည်။ ထိုမိန့်ခွန်းစကားများအနက် အဖိုးတန်စကား ၈ ရပ်မှာ-

ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှှီကျင့်ဖိန်သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative = BRI) အောက်တွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဆက်စပ်သည့် နိုင်ငံများရှိ ပြည်သူများအား အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန်နှင့် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု ပျိုးထောင်ပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ပေကျင်း၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် သြဂုတ်လ ၂၂ ရက် တွင် တရုတ်နိုင်ငံသို့အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။