23
Fri, Aug
523 New Articles

ပေကျင်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကဆိုလျှင် ကုန်သည်များ နှင့် ဒေသသစ် စူးစမ်းရှာဖွေလေ့လာသူများ သည် ပူပြင်းလှသော သဲကန္တာရများနှင့် ပြင်းထန်လှသော ပင်လယ် ဒီရေလှိုင်းများကို ဖြတ်သန်းကာ သစ်ကုလားအုတ်များ နှင့် ရွက်လှေများကို စီးနင်း အသုံးပြု၍ ရှေးယခင် ပိုးလမ်းမကြီး နှင့် ရေကြောင်း ပိုးလမ်းမကြီးတို့ တစ်လျှောက် ခေါက်တုံခေါက်ပြန် ခရီး သွားခြင်းဖြင့် ကမ္ဘာ့ အရှေ့ ခြမ်း နှင့် အနောက်ခြမ်းကို ဆက်သွယ်ကာ အံ့သြဖွယ် ကုန်သွယ်မှုများ ပြုခဲ့ကြသည်။ 

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကုန်စည်နှင့် ဝန်ဆောင်မှု သွင်းကုန်များအား ပမာဏများပြားစွာ တိုးမြှင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုင်ငံတကာ သဘောတူချက်များ ပြည့်မီစွာဆောင်ရွက်မှုနှင့် အကောင်အထည်ဖော်မှုများ၊ ထပ်မံ၍တံခါးဖွင့်ဝါဒ လိုအပ်ချက်နှင့်အညီ ဥပဒေများနှင့် စည်းမျဉ်းများ မွမ်းမံခြင်းနှင့် တိုးတက်မှုများအတွက် လုပ်ထုံးလုပ်နည်းတစ်ခုအား တည်ထောင်ရန် ကြီးမားသော အရေးပါမှုအား လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု မူဘောင်အောက်တွင် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်တည်တံ့မှုရှိသော မြို့များပူးပေါင်းမှုနှင့် နိုင်ငံတကာပူးပေါင်းမှု မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လာမည့်ငါးနှစ်တာကာလအတွင်း ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိနိုင်ငံများတွင် ဖလှယ်မှုများလုပ်ဆောင်ရေး၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပူးတွဲ သုတေသနပြုမှုများအတွက် တီထွင်ဆန်းသစ်မှုကဏ္ဍမှ လူ ၅,၀၀၀ ဦးအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့် အဆင့်မြင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်များအား ဆွေးနွေးညှိနှိုင်းကာ လက်မှတ်ရေးထိုးရန်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed Ali တို့သည် ပေကျင်းမြို့ ၌ ဧပြီ ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် မတိုင်မီ ဧပြီ ၂၄ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု နှင့် ပတ်သက်သော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဟောပြောချက်မိန့်ခွန်းများ စုစည်းထားမှုကို အင်္ဂလိပ်၊ ပြင်သစ်ဘာသာများဖြင့် ဧပြီ ၂၄ရက်က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev တို့သည် ပေကျင်းမြို့ ၌ ဧပြီ ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် မတိုင်မီ ဧပြီ ၂၄ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပေကျင်း၊ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၂၄ ရက်က ပေကျင်းမြို့မဟာပြည်သူ့ခန်းမဆောင်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)အကြီးအကဲ Christine Lagardeနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။