12
Wed, Dec
661 New Articles

တရုတ်တွင် 4G သုံးစွဲသူ သန်း၉၅၀ ရှိကြောင်း ဝန်ကြီးဋ္ဌာနပြောကြား

တရုတ်နိုင်ငံမှ အင်တာနက်သုံးစွဲသူတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Science & Technology

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ စက်တင်ဘာလအကုန်တွင် 4G အင်တာနက်ကွန်ရက်အသုံးပြုသူ စုစုပေါင်း သန်း၉၅၀ ရှိကြောင်း စီးပွားရေးလုပ်ငန်း နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဋ္ဌာန (MIIT) က အောက်တိုဘာ ၂၇ ရက် တွင် ထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။

တရုတ်နိုင်ငံမှ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသူများ၏ အင်တာနက်သုံးစွဲမှုပမာဏ မြင့်တက်လာပြီး စက်တင်ဘာလတွင် အင်တာနက်အသုံးပြုသူတစ်ယောက်လျှင် ပျမ်းမျှအားဖြင့် အင်တာနက် ပမာဏ 2gigabytes အသုံးပြုကာ ယခင်နှစ် အလားတူကာလထက် ၁၄၀ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး 4G ကွန်ရက် ရှိပြီး 4G အခြေစိုက်စခန်း ၂သန်းကျော်ကို အဓိကအားဖြင့် မြို့နယ်များနှင့် ကျေးရွာများတွင် ၂၀၁၈ခုနှစ်မတိုင်မီ တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပိုမိုမြန်ဆန်ပြီး ပိုမိုဈေးနှုန်းသက်သာသော အင်တာနက်ချိတ်ဆက်မှုရရှိရန် ရည်ရွယ်၍ ၂၀၁၅ခုနှစ်တွင် စည်းရုံးလှုံ့ဆော်မှုတစ်ခုကို စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ခုနှစ် စက်တင်ဘာလမှစ၍ ပြည်တွင်းအင်တာနက်ကွန်ရက်ချိတ်ဆက်အသုံးပြုခ (Domestic roaming) နှင့် ရပ်ဝေးခေါ်ဆိုခများကို ဒေတာဝန်ဆောင်မှု (Data Services) အဖြစ်သာ လျှော့ပေါ့ ကောက်ခံပေးခဲ့ပြီးနောက် ယင်းဆောင်ရွက်မှုသည် မိုဘိုင်းဝန်ဆောင်မှု လုပ်ငန်းများအတွက် အဓိက ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်လာကြောင်း သိရသည်။ (Xinhua)

ဒေတာဝန်ဆောင်မှု (Data Services)များသည်း မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းများအတွက် အဓိကဝင်ငွေ အရင်းအမြစ်များ ဖြစ်လာသောကြောင့် ယခုနှစ် စက်တင်ဘာလမှ စ၍ ပြည်တွင်းအင်တာနက် ကွန်ရက်ချိတ်ဆက်အသုံးပြုခ (Domestic roaming) နှင့် ရပ်ဝေးခေါ်ဆိုခများကို လျှော့ပေါ့ပေးခဲ့သည်။ (Xinhua)