15
Fri, Dec
618 New Articles

ရှီအန်-ချန်ဒူ မြန်နှုန်းမြင့်ရထားများ ပြေးဆွဲခြင်းကို ဒီဇင်ဘာ ၆ ရက်တွင် စတင်မည်

တရုတ်နိုင်ငံ ရှီအန်မြို့ - ချန်ဒူမြို့ ကိုပြေးဆွဲပေးမည့် မြန်နှုန်းမြင့်ရထားများအားတွေ့ ရစဉ်(ဆင်ဟွာ) Science & Technology

ရှီအန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Shaanxi ပြည်နယ်၏မြို့ တော် ရှီအန်မြို့ (Xi’an) နှင့် Sichuan ပြည်နယ်မြို့ တော် ချန်ဒူမြို့ (Chengdu) အကြား ပြေးဆွဲပေးမည့် မြန်နှုန်းမြင့်မီးရထားပြေးဆွဲခြင်းကို ဒီဇင်ဘာ ၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရထားများအတွက် လက်မှတ်များကို ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီ တွင် စတင်ရောင်းချပေးခဲ့ကြောင်း ရှီအန်မြို့ မီးရထားတာဝန်ရှိသူများက ဆိုသည်။

တရုတ်နိုင်ငံ ရှီအန်မြို့ - ချန်ဒူမြို့ ကိုပြေးဆွဲပေးမည့် မြန်နှုန်းမြင့်ရထားများအားတွေ့ ရစဉ်(ဆင်ဟွာ)

ရှီအန်-ချန်ဒူ မြန်နှုန်းမြင့် ရထားလမ်းသည် ခရီးအကွာအဝေး ၆၅၈ ကီလိုမီတာရှိပြီး ရထားလမ်းကြောင်းတစ်ဖက်စီအတွက် ရထား ၁၉ စင်းပြေးဆွဲပေးမည်ဖြစ်သည်။

ရထားလမ်းပြ မြေပုံစနစ်အသစ်ကို ယခုနှစ်ကုန်ပိုင်တွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ၊ ၄င်းမြို့ နှစ်မြို့ အကြား ယခင်က ခရီးအကွာအဝေးကြာချိန် ၇ နာရီကို မြန်နှုန်းမြင့်ရထားများက ၃ နာရီ ၂၇ မိနစ်အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)