14
Tue, Aug
739 New Articles

တရုတ်နိုင်ငံက ကာဗွန်-ဖိုက်ဘာကိုယ်ထည်ဖြင့် မောင်းသူမဲ့ တစ်လမ်းသွားရထား တီထွင်

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်လိုက်သည့် ကာဗွန်ဖိုက်ဘာကိုယ်ထည်ဖြင့် မောင်းသူမဲ့ တစ်လမ်းမောင်းရထား အားတွေ့ ရစဉ်(ဆင်ဟွာ) Science & Technology

ချန်းချန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းရထားထုတ်လုပ်သည့် ကုမ္ပဏီက မောင်းသူမဲ့ ကာဖွန်-ဖိုင်ဘာကိုယ်ထည်ဖြင့် တစ်လမ်းသွားရထားသစ်ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။

CRRC Chaungchun ရထားထုတ်လုပ်ရေးကုမ္ပဏီက ၄င်းတို့ ၏ မောင်းသူမဲ့တစ်လမ်းသွား ရထား မျိုးဆက်သစ်သည် ရာသီဥတုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိကြောင်း ၊ အပူချိန် အနုတ် ၄ဝ ဒီဂရီဆဲလ်စီးယက်စ် အောက်ထိ ခံနိုင်ရည် ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရထားတွဲများကို ကာဗွန်-ဖိုင်ဘာ ကွန်ပို့ စစ်သားဖြင့် တည်ဆောက်ထားပြီး ပုံမှန်ရထားကိုယ်ထည်များထက် ၂၅ ရာခိုင်နှုန်းကျော် ပေါ့ပါးကြောင်း ၊ စွမ်းအင်အသုံးပြုမှုကိုလည်း ၂၂.၇ ရာခိုင်နှုန်းထိ လျော့ချနိုင်ကြောင်း သိရသည်။

ကမ္ဘာ့ ထိပ်တန်းဦးဆောင် မီးရထားထုတ်လုပ်မှု ကုမ္ပဏီတစ်ခုလည်းဖြစ်သည့် CRRC Changchun သည် ဝန်ထမ်းပေါင်း ၁၈ဝဝဝ ကျော်ဖြင့် တစ်နှစ်လျင် မီးရထားအစင်းပေါင်း ၈ဝဝဝ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။(Xinhua)