21
Sun, Apr
617 New Articles

လကမ္ဘာရောက် တရုတ်အာကာသယာဉ် Chang’e-4 ပေါ်ရှိ ဝါဂွမ်းစေ့ မှ အပင်ပေါက်လာ

လကမ္ဘာရောက် တရုတ်အာကာသယာဉ် Chang’e-4 ပေါ်ရှိ ဝါဂွမ်းစေ့ မှ အပင်ပေါက်လာပုံ (ဆင်ဟွာ) Science & Technology

ချုံချင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ Chang’e-4 အာကာသယာဉ် ဖြင့် လကမ္ဘာပေါ်သို့ သယ်ဆောင်သွားသော ဝါဂွမ်းစေ့ သည် ပထမဆုံးအဖြစ် လကမ္ဘာပေါ်တွင် အပင်ပေါက်လာကြောင်း အသေးစား ဇီဝပတ်ဝန်းကျင်တုစမ်းသပ်မှု အဖွဲ့တစ်ခုမှ သိပံ္ပပညာရှင်များက ဇန်နဝါရီ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

ကမ္ဘာမှ မမြင်တွေ့နိုင်သည့် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ပထမဆုံးအကြိမ် ဆင်းသက်ခဲ့ပြီးနောက် တရုတ်အာကာသယာဉ် Chang’e-4 သည် ရှေ့ဆောင်လမ်းပြအဖြစ် ပထမဆုံး ဇီဝပတ်ဝန်းကျင်တုစမ်းသပ်မှုတစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Chang’e-4 အာကာသယာဉ်သည် အသေးစား ဇီဝပတ်ဝန်းကျင်တုတစ်ခုကို ဖန်တီးရန် ဝါဂွမ်းစေ့များ၊ စပျစ်စေ့များ၊ အာလူးများ အပါအဝင် ယင်ကောင်ဥများ နှင့် မှိုတစ်ချို့ကို သယ်ဆောင်သွားကြောင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းတက္ကသိုလ်မှ သိပံ္ပပညာရှင်များ ဦးဆောင်သော အဖွဲ့တစ်ခု ကပြောကြားခဲ့သည်။

လကမ္ဘာရောက် တရုတ်အာကာသယာဉ် Chang’e-4 ပေါ်ရှိ ဝါဂွမ်းစေ့ မှ အပင်ပေါက်လာပုံ (ဆင်ဟွာ)

အာကာသယာဉ်မှ ပေးပို့ခဲ့သည့် ဓါတ်ပုံများတွင် အခြားအစေ့များမှ အပင်ပေါက်လာခြင်းမရှိသော်လည်း ဝါဂွမ်းစေ့မှ ထွက်လာသော အညှောင့်လေးသည် ကောင်းစွာ ကြီးထွားလာကြောင်း တွေ့ရသည်။ (Xinhua)