18
Sun, Aug
553 New Articles

တရုတ်နိုင်ငံထုတ် C919 ဂျက်လေယာဉ်ကို ၂ဝ၂၁ ခုနှစ်တွင် စီးပွားဖြစ် ခရီးသည်တင်လေယာဉ်အဖြစ် စတင်အသုံးပြုမည်

တရုတ်နိုင်ငံမှ ထုတ်လုပ်သော C919 ခရီးသည်တင်ဂျက်လေယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ) Science & Technology

နန်ကျင်း ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

စမ်းသပ် ပျံသန်းမှုပေါင်းများစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်သော C919 ဂျမ်ဘိုဂျက်လေယာဉ်ကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် နိုင်ငံ၏ မြို့ ပြလေကြောင်းအာဏာပိုင်အဖွဲ့ မှ ပျံသန်းခွင့်လက်မှတ်ရရှိရန် စီစဉ်ထားကြောင်း C919 ဒီဇိုင်းအကြီးအကဲ Wu Guanghui ၏ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံအင်ဂျင်နီယာအကယ်ဒမီ နှင့် တရုတ်နိုင်ငံစီးပွားဖြစ်လေယာဉ်ထုတ်လုပ်ရေး(COMAC) ဂျက်လေယာဉ်ထုတ်လုပ်ရေးဌာန ဒုတိယဥက္ကဋ္ဌ Wu က အင်ဂျင်နှစ်လုံး နှင့်  ရှည်မျောမျောကိုယ်ထည်ပုံစံဖြင့် တည်ဆောက်ထားသော C919 လေယာဉ်ကြီးသည် လေကြောင်းပျံသန်းမှုတွင် ဘိုးရင်း(Boeing) နှင့် အဲဘတ်စ်(Airbus) လေယာဉ်ကြီးများနှင့်အပြိုင် အရည်အသွေးပြည့်မီမှုရှိကြောင်း ဆိုသည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သော C919 ခရီးသည်တင်ဂျက်လေယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သော C919 ခရီးသည်တင်ဂျက်လေယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သော C919 ခရီးသည်တင်ဂျက်လေယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ)

C919 လေယာဉ်သည် လေယာဉ်အမှုထမ်း ၅ ဦးနှင့်အတူ ၂ဝ၁၇ ခုနှစ် မေ ၅ ရက်တွင် ရှန်ဟိုင်းမြို့ ၌ စမ်းသပ်ပျံသန်းမှုကို ပထမဆုံးအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ သို့ သော် ထိုစဉ်တွင် ခရီးသည်များ လိုက်ပါခြင်းမရှိပေ။ သြဂုတ်လကပြုလုပ်ခဲ့သော စတုတ္ထမြောက် C919 ၏ ပထမဆုံး စမ်းသပ်ပျံသန်းမှု တွင် ကဏ္ဍစုံလေ့လာစူးစမ်းမှု နှင့် စက်ပိုင်းဆိုင်ရာစနစ် စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

COMAC အနေဖြင့် လက်ရှိအချိန်ထိ C919 လေယာဉ် အစင်းပေါင်း ၈၁၅ စင်းကို အမှာစာရရှိထားပြီး ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း  ပိုမိုပြည်စုံသောစမ်းသပ်ပျံသန်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)