24
Sun, Sep
702 New Articles

ဥာဏ်ရည်မပြည့်မီသော ကလေးငယ်များအတွက် တရုတ်တွင် ဖောင်ဒေးရှင်း တစ်ခု တည်ထောင်

တရုတ်နိုင်ငံရှိ အော်တစ်ဇင် ကလေးငယ် တစ်ဦးနှင့် လေ့ကျင့်သင်ကြားပေးနေသည့် ဆရာမ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဥာဏ်ရည်မပြည့်မီသော (Autism) ကလေးငယ်များနှင့် မိသားစုများအတွက် ဝန်ဆောင်မှု ပေးနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်စေရန် အတွက် တရုတ်နိုင်ငံ ကလေးများနှင့် ဆယ်ကျော်သက်များ ရန်ပုံငွေ (CCTF) အဖွဲ့က ဖောင်ဒေးရှင်း တစ်ခု တည်ထောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းက ငွေကြေး အခက်အခဲ ရင်ဆိုင်နေရသူများအတွက် ငွေကြေး ထောက်ပံ့ပေးခြင်း၊ ဝန်ထမ်း လေ့ကျင့်ခြင်းများ၌ သင်တန်းကျောင်းများနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့များ ထောက်ပံ့ပေးခြင်း စသည့် ကိစ္စရပ်များအား ဦးတည်ကာ လုပ်ဆောင်မည် ဖြစ်သည်။

ထို့ပြင် CCTF ၏ တစ်နှစ်တာ အစီအစဉ်အရ စီးပွားရေးလုပ်ငန်းများ၊ အော်တစ်ဇင် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ ထောက်ပံ့ပေးခြင်းများကို ဖောင်ဒေးရှင်းက ဖော်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ရန်ပုံငွေအဖွဲ့ထံမှ သိရသည်။

အော်တစ်ဇင် ကလေးငယ်များကို ကုသမှုပေးရာတွင် အစောပိုင်း ဆန်းစစ်မှုနှင့် ဆေးစစ်တမ်း၊ အော်တစ်ဇင်ဖြစ်နေသူများ၏ ကာလရှည် ပညာရေး စသည်တို့ အပါအဝင် ကဏ္ဍအနည်းငယ် တိုးတက်ရန် လိုအပ်နေသေးကြောင်း CCTF ၏ အထွေထွေအတွင်းရေးမှူး Zhu Xisheng က ပြောသည်။

CCTF အဖွဲ့ကို ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ ကလေးငယ်များအတွက် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေး တိုးတက်မှုရှိစေရန် စည်းရုံးလှုံဆော်မှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)