13
Fri, Dec
505 New Articles

တရုတ်နိုင်ငံ အမျိုးသားနေ့ အားလပ်ရက်အတွင်း ပေကျင်းမြို့တွင် သယ်ယူပို့ဆောင်ရေးအတွက် စေတနာ့ဝန်ထမ်း ၇၈,၀၀၀ ဦး တာဝန်ထမ်းဆောင်ရန်ရှိ

တရုတ်နိုင်ငံရှိ နန်းတော်ပြတိုက်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအား တွေ့ရစဉ် (ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် မကြာမီကျရောက်တော့မည့် အမျိုးသားနေ့ အားလပ်ရက်အတွင်း ယာဉ်အသွားအလာ အစီအစဉ်အား ထိန်းသိမ်းရန် စေတနာ့ဝန်ထမ်း ၇၈,၀၀၀ ကျော် စုဆောင်းထားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက စက်တင်ဘာ ၂၇ ရက်တွင် ပြောခဲ့သည်။

အဆိုပါ စေတနာ့ဝန်ထမ်းများသည် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ ပေကျင်းမြို့ရှိ ဘတ်စ်ကားဂိတ် ၁,၇၀၀ ခု၊ ဘူတာရုံ ၃၀၈ ခုနှင့် လူကူးမျဉ်းကျား ၂၆၆ ခု၌ လမ်းညွှန်မှုနှင့် ဘာသာစကား ၂ မျိုးဖြင့် ဝန်ဆောင်မှုများ ပေးမည်ဖြစ်ကြောင်း ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်၏ ပေကျင်းမြို့တော်ဆိုင်ရာ မြူနီစီပယ်ကော်မတီပြောကြားချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ စေတနာ့ဝန်ထမ်းများအားလုံးသည် ဝန်ဆောင်မှုဆိုင်ရာ ကျင့်ဝတ်နှင့် အရေးပေါ်တုန့်ပြန်ရေး အပါအဝင် လေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)